Elon Musk ကို ဒဲ့လှောင်လိုက်တဲ့ KIA ရဲ့ စတေကာကြော်ငြာ
နော်ဝေနဲ့ ဖင်လန်နိုင်ငံမှာရှိတဲ့ KIA Official Account တွေက ကုမ္ပဏီရဲ့ EV3 ကားတွေနဲ့အတူ Bumper Sticker တစ်ခုကို ကြေညာလာပါတယ်။ ဒီကြော်ငြာက တင်ပြီးအချိန်တိုအတွင်းမှာတင် တော်တော်လေးကို ဟော့သွားတာပါ။ အကြောင်းအရင်းကတော့ Bumper Sticker ပေါ်မှာ ရေးထားတဲ့ စာသားကြောင့်ပါ။
Bumper Sticker ပေါ်မှာရေးထားတာကတော့ “I Bought this after Elon went crazy” ဆိုတဲ့စာသားပါ။ အဲ့ဒီ Bumper Sticker တွေက အခုဆိုရင် ကားတော်တော်များများမှာပါ ကပ်ထားလာကြတာကို တွေ့နေရပါပြီ။ ဒါ့အပြင် ဖင်လန်မှာရှိတဲ့ ကားတွေမှာဆိုရင်လည်း “ Elon hinting at the shifting political climate” ဆိုတဲ့ စာသားပါ Bumer Sticker တွေကိုလည်း ကပ်ထားကြတာပါတယ်။
ဒီကြော်ငြာတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားမှာရှိတဲ့ KIA ရုံးချုပ်ကတော့ အတည်မပြုခဲ့တဲ့အပြင် KIA Norway ဟာ KIA ရုံးချုပ်နဲ့ သက်ဆိုင်မှုမရှိကြောင်းကိုလည်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် အခုလိုကြော်ငြာနဲ့ Bumer Sticker တွေ ကပ်ထားတဲ့ကားတွေ များပြားနေတဲ့အကြောင်းကို “They really did that” ဆိုပီး Elon Musk တစ်ယောက် X မှာ မေးခဲ့ပါသေးတယ်။
Elon Musk တစ်ယောက် နိုင်ငံရေးလောကထဲ ဝင်ရောက်လာတဲ့အပြင်ကိုမှ ဝန်ထမ်းလျော့ချရေးပိုင်းမှာပါ ထဲထဲဝင်ဝင်စွတ်ဖက်လာပြီးနောက်ပိုင်း မကျေနပ်သူတွေ တော်တော်လေးကို များပြားလာတာပါ။
လက်ရှိမှာလည်း Musk ပိုင် Tesla ကိုပါ ဆန္ဒပြမှုများနဲ့ ရင်ဆိုင်နေရပြီး မကြာခဏဆိုသလို ဖျက်ဆီးမှုများလည်း ရှိလာတာပါ။ ပြင်သစ်မှာရှိတဲ့ Tesla အရောင်းဆိုင်မှာဆိုရင် လျှပ်စစ်ကားပေါင်း တစ်ဒါဇင်ကျော်ကို မီးရှို့ဖျက်ဆီးမှုတွေတောင်ရှိခဲ့ပါတယ်။ နောက်ပြီး ဂျာမနီမှာလည်း Tesla ကား ၄ စီး မီးရှို့ခံလိုက်ရပါသေးတယ်။
