9 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတွင် စီမံချက်ဖြင့် စစ်ဆေးမှုများပြုလုပ်ရာ မြန်မာရွှေ့ပြောင်းလုပ်သား ခြောက်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်သားပပျောက်ရေးစီမံချက်ဖြင့် မတ် ၁၅ ရက်က ထိုင်းအလုပ်သမားဝန်ကြီးကိုယ်တိုင် လိုက်လံစစ်ဆေးစဉ် မြန်မာရွှေ့ပြောင်းလုပ်သားခြောက်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရသိရသည်။

ထိုင်းအလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn ဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည်တရားမဝင် အလုပ်သမားပပျောက်ရေးစီမံချက်ဖြင့် ထိုင်းနိုင်ငံဆူရတ်ဌာနီခရိုင် ကော့စမွီမြို့နယ်ရှိ လုပ်ငန်းခွင် ၁၅ နေရာအား ရှောင်တခင်စစ်ဆေးစဉ် ယင်းသို့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းခွင် ၁၅ နေရာတွင် ပြည်ပရွှေ့ပြောင်းလုပ်သား ၂၅၁ ဦး အလုပ်လုပ်ကိုင်နေပြီး ခွင့်ပြုမထားသည့်လုပ်ငန်းအမျိုးအစားအား လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ဦး၊ အလုပ်လုပ်ကိုင်ခွင့် (Work Permit)မရှိသည့် ရုရှားနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

image