9 ပတ် - ဘာသာပြန်ပါ။

ဘဝကပဲ ခက်ခဲနေတာလား?
ကိုယ်ကပဲ အသုံးမကျဘဲ ပျင်းနေတာလား?
တစ်ခါတလေ ကျနော်တို့ဟာ
ဘဝကြီးကို အပြစ်တင်တတ်ကြပါတယ် ။
ကျနော်တစ်ယောက်တည်းပဲ
ဘဝကြီးက အဆင်မပြေမှုတွေ ပေးနေသလို
ညည်းတွားမိ တတ်ကြပါတယ် ။
တကယ်တော့ ဘဝကြီးက
ဘယ်သူ့အတွက်မှ လွယ်မနေပါဘူး
ခက်နေတာတွေကို
ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားနေသူနဲ့
ခက်နေတာကို ထိုင်ညည်းနေသူပဲ
ကွာသွားတာပါ...
မှန်ပါတယ်
လူတိုင်းအတွက် ဘဝကြီးက ခက်ခဲပါတယ်
သာယာနေတယ်လို့ ထင်နေရတဲ့သူတွေဆီမှာလဲ
အခက်အခဲတွေ အများကြီးရှိပါတယ်
အောင်မြင်နေသူအကုန်လုံးဆီမှာလည်း
ပြသနာပေါင်းသောင်းခြောက်ထောင်ရှိပါတယ်
အဓိက ကွာခြားသွားတာက
ကြိုးစားသူ နဲ့ ညည်းတွားသူပါ
ဒါကြောင့်
ဘဝကြီးက ခက်ခဲတဲ့အကြောင်းပဲ
အမြဲ တွေးမနေပါနဲ့
ကိုယ်အသုံးမကျတာ ပျင်းတာကိုလည်း
တွေးပေးပါ...
ငပျင်းတွေ အတွက် ဆုလဒ် မရှိဘူး

image