သတ္တိရှိတဲ့သူတွေက ဝန်ခံတတ်ပါတယ်။
ရဲရင့်တဲ့သူတွေကျတော့...
ရဲရဲဝံ့ဝံ့ တောင်းပန်တတ်တယ်။
ကြီးမြတ်တဲ့သူတွေက မေတ္တာစိတ်ရှေ့ထားပြီး
ခွင့်လွှတ်ပေးတယ်။
အကောင်းမြင်စိတ်ရှိတဲ့သူတွေက
စိတ်အေးချမ်းရတယ်။
နားလည်ပေးနိုင်တဲ့သူက စိတ်ငြိမ်းချမ်းရတယ်။
မျှတတဲ့သူတွေက ကောင်းမွန်တဲ့နေရာမှာ
အမြဲနေရတတ်တယ်။
သည်းခံတတ်တဲ့သူတွေက
အရာရာတိုင်းကို အောင်မြင်ကျော်လွှားနိုင်တယ်။
မေတ္တာစိတ်ရှိတဲ့သူတွေဟာ မေတ္တာနဲ့နိုင်တယ်။
သူ့တို့ဘဝနဲ့ သူ့တို့ဝန်းကျင်လေးကို
အမြဲတမ်း အေးချမ်းစေတယ်။ ငြိမ်းချမ်းစေတယ်။
ဒါဟာအမှန်တရားပါ။ အရာရာတိုင်းမှာ
စိတ်ကလေးထားတတ်ရင်ရပါပြီ။
#စာပေ