ထင်ထားတာထက် Battery လည်း ပိုခံမယ်ဆိုပဲ 👀
.
Bloomberg Media က Mark Gurman ကနေ အခုပဲ iPhone 17 Air ဖုန်းအကြောင်း သတင်းတွေကို ထပ်ပြီး ဖော်ပြသွားခဲ့တယ်။ ဆိုတော့ အရှေ့မှာ Display Size | အထူ Thickness ပဲ သိထားတာကနေ အခုပိုပြီး သိရလာပါပြီ။
အရင်ဆုံး iPhone 17 Air ရဲ့ Display Size က 6.6" ရှိမယ် - ဒါက Screen Size အရမ်းကြီးသွားရင် ပါးလည်းပါးတော့ ကွေးနိုင်ခြေကို လျော့ချင်တာကြောင့်လို့ ဆိုထားတယ်။ ဒီ Display ပိုင်းမှာ iPhone 16 Pro တွေလို ဘေးဘောင်တွေအရမ်းပါးမယ်၊ အဲ့အပြင် 120Hz ProMotion ပါမှာ သေချာသွားသလို Dynamic Island အပြင် Camera Control ကိုပါ ထည့်ပေးထားမယ်။
အထူကလည်း သတင်းထွက်နေသလို 5.5mm ပဲရှိမယ်။ ဒီလောက်ပါးပေမယ့် Apple က iPhone 16e လို MagSafe ကို မဖြုတ်ချပဲ ဆက်ထည့်ထားတုန်းပဲ။ တစ်နေရာမှာ လျော့လိုက်တာက Chip ပိုင်းမှာ iPhone 17 Pro တွေလို A19 Pro အစား A19 Chip ကိုပဲ သုံးထားမယ်။
အထူးခြားဆုံးက Mark Gurman ကနေ iPhone 17 Air ရဲ့ စျေးက အစောပိုင်းသတင်းထွက်ထားသလို iPhone 17 Pro တွေထက်များမှာမဟုတ်ပဲ လက်ရှိ iPhone 16 Plus ရဲ့ စျေး - $899 ကနေပဲ ရောင်းချသွားမယ်လို့ ဆိုလိုက်တာပါ။
Mark Gurman ကလည်း ပါးပေမယ့် Battery Life ပိုင်းမှာ Apple ရဲ့ C1 Modem အပြင် တခြား Optimization တွေကြောင့် ကျန်တဲ့ iPhone 17 Series တွေနဲ့ အတူတူလောက်ပဲ သုံးနိုင်မယ်၊ ထင်ထားတာထက် ပို Battery ခံမယ်လို့လည်း ပြောထားပါသေးတယ်။
ဆိုတော့ တကယ်သာ iPhone Plus Model စျေးနဲ့ပဲ ရောင်းမယ်ဆိုရင် iPhone 17 Air က ကျိန်းသေ အဝယ်အနည်းဆုံး Model ကနေ အရောင်းရဆုံး Model တောင် ဖြစ်လာနိုင်တယ်။
ဒီနှစ်တော့ iPhone အသစ်တွေ စိတ်ဝင်စားဖို့ပိုကောင်းလောက်ပြီ 👀
