9 ပတ် - ဘာသာပြန်ပါ။

မုန့်လက်ဆောင်းဖတ် လုပ်နည်း
မြန်မာ မုန့်လုပ်ထန်းလျှက်လေးနဲ့မှ တအားမွှေးပြီး ရင်ထဲအေးတာ။
နှမ်းထောင်း၊ မြေပဲထောင်းလေးတွေထည့်တော့ ဆိမ့်နေပြန်ရော။
ရင်နာစရာ အဖြစ်တွေကို အလုပ်နဲ့ဘဲ ဖြေသိမ့်ကြရလိမ့်မယ်၊
~~~~~~~~~~~~`
မမီးလုပ်ခဲ့ဖူးတဲ့ နည်း ၃ နည်းလုံးတင်ထားပေးပါတယ်။
မုံ့လက်ဆောင်းဖတ်လုပ်တဲ့ဆန်က ငစိန်ဆန်လို့ ကြားဖူးတယ်၊
❗ဆန်မှုန့်လို့ ရက်စပီမှာ ရေးတိုင်း ရရာဆန်မှုန့် သုံးလို့မရဘူး။ ဆန်မှုန့် အမျိုးပေါင်း များစွာရှိနိုင်ပြီး၊ သူသုံးတဲ့ ဆန်မှုန့်နဲ့ ကိုယ်သုံးတဲ့ဆန်မှုန့်မတူရင် သူရတဲ့ ရလာဒ်မျိုး ကိုယ်ရမှာ မဟုတ်ပါ။
တံဆိပ်တမျိုးကို သတ်သတ်မှတ်မှတ်ဖော်ပြပြီး အဲဒီမုံ့ကို အဲဒီဆန်မှုန့်နဲ့ လိုက်လုပ်ကြရမှာပါ။
လက်တွေ့လုပ်တာကြည့်ချင်ပါလျှင် ယူကျု့မှာ ၃ မျိုးစလုံးလုပ်နည်းတင်ထားပါတယ်။
မုံ့လက်ဆောင်းဖတ်လုပ်နည်း(၁)
ဒီနည်းက ဗီယက်နမ် ဆန်ပြားလုပ်တဲ့ အမှုန့်ကိုသုံးပြီးလုပ်ထားတာပါ။ အထုပ်ပုံလေး ကွန်မန့်မှာ ထည့်ထားပါမယ်။
ဗီယက်နမ်ဆန်မှုန့် ဆန်ချိန်ခွက် ၁ ခွက်
ရေ ဆန်ချိန်ခွက် ၄ ခွက်
အစိမ်းရောင် အစာဆိုးဆေး
ဆွမ်းမွှေးနံ့ ၁/၄ လက်ဖက်ရည်ဇွန်း
ဆန်မှုန့်နဲ့ ရေရောပြီးကျိုပေးလိုက်တာဘဲ။
ပျစ်လာပီး ညှစ်လို့ရပီဆိုတဲ့အနေထားမှာ ဆွမ်းမွှေးနံ့လေးထည့်မွှေပေးပါ။ ပြီးရင် မုန့်လက်ဆောင်းညှစ်ခွက်နဲ့ ရေအေးထဲညှစ်ချပေးပါ။

imageimage