9 w - Translate

ဥာဏ်ရည်နိမ့်နဲ့ ငါးပိရည်
ဟိုတလောက ငါးပိရည်အကြောင်း ဆောင်းပါးရေးမိပါတယ်။ ဘယ်သူမှ ထောက်မပြသေးခင်မှာ ကျွန်တော်က ပထမဆုံးရေးတာပါ။ ကျွန်တော့်အယူအဆကို လက်ခံသူတွေ ရှိကြသလို ထမင်းဝိုင်းကိုတောင် ဒီလောက်ပြောနေရလား (မောင်ရင်က မြန်မာမဟုတ်ဘူးလား) ဆိုပြီး ကလော်တုတ်ကြသူတွေလည်း ရှိပါတယ်။ ဒါက အယူအဆပိုင်းမို့ ထားလိုက်ပါ။
ငါးပိရည်က လေးလံထိုင်းမှိုင်းစေတယ်၊ ဝိတ်ချတာ အခက်အခဲဖြစ်တယ်ဆိုပြီး ရေးခဲ့တာပါ။ အဲဒါကလည်း ဆိုဒီယမ်ကလိုရိုက်ကြောင့်ပါ။ ဆေးပညာအသုံးအနှုန်းတွေကို တမင်မထည့်ဘဲ သွေးလေးတယ်ဆိုပြီး လူတိုင်းနားလည်ရအောင် ရေးပြခဲ့တာပါ။ ဒီလောက်ရေးပြတာတောင် သဘောမပေါက်ဘူး။ "ကစားသမားတွေ (၅) ရက်အတွင်းမှာ (၂၀) ပေါင် ဘယ်လိုဝိတ်ချလဲ" ဆိုပြီး ရေးခဲ့ဖူးတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/4iuvPg8 ဖတ်ပါ။ ဒီလိုဆောင်းပါးရဖို့ အချိန်ယူပြင်ဆင်ရသလို ဆရာဝန်တွေဆီမှာလည်း အကြံတောင်းရပါတယ်။ ဒါလေးဖတ်ရင်တောင် သဘောပေါက်ကြဖို့ သင့်တယ်။
ငါးပိရည်ဆောင်းပါးဖတ်ပြီး မြန်မာပညာရှိတွေက ဘယ်လိုမြင်သွားလဲ မပြောတတ်ပါဘူး။ ဉာဏ်ရည်နိမ့်ပေ မောင်ဖြိုးဝေနဲ့ စာမတတ်၊ ပေမတတ် အောက်ဆွဲကောင်တွေက ငါးပိရည်စားတဲ့ ထမင်းဝိုင်းဓာတ်ပုံတွေကို အားကျမခံဘဲ တင်ကြတယ်။ ပြန်ရွဲ့တာပေါ့လေ။ ငါးပိရည်ပဲ စားတာပါ၊ ငါးပိရည်သောက်တာ မဟုတ်ပါဘူးတဲ့။ နားမှမလည်ရှာပဲကိုးလို့သာ သနားမိတယ်။ ကျွန်တော်က ကောင်းစေချင်လို့ ထောက်ပြပေးခဲ့တာပါ။ သူတို့က လက်မခံဘဲ ပြန်ရွဲ့နေတော့ ဘယ်တတ်နိုင်မလဲ။
"ခရမ်းသီးမီးဖုတ်နဲ့ ငါးပိရည်ကိုကျို၊ ထမင်းရည်ဆားခပ်ပြီး သောက်ရဲတဲ့ကို။ ဒါဆိုရင် ဘာလိုသေးလဲ၊ အချစ်လေးကိုကြို"
အဲဒီတော့ ဘာဖြစ်သွားလဲ။ စိုးလင်းဦးလည်း ဒုတိယအကြိမ် ဝိတ်ပိုတယ်။ ဝိတ်ထပ်ပိုတာက သိက္ခာကျတယ်။ အရှက်ရှိရင် ရှက်ဖို့ကောင်းတယ်။ ကြိုးဝိုင်းထဲမှာ Punching Bag ကြီးလို မသေရုံတမယ် အထိုးခံအကြိတ်ခံရတယ်။ ရွဲ့ချင်ဦးဟ၊ မှတ်ပြီလား။ သက်ပိုင်အောင်လည်း လက်ရည်မမျှဘဲ အလဲထိုးခံရတယ်။
အခုလိုရှုံးပွဲဆက်တာ ငါးပိရည်ကြောင့်ရယ်လို့ မဟုတ်ပါဘူး။ တိုက်ရိုက်အချိုးမကျဘူးလို့ ဆိုလိုချင်တာပါ။ တိုက်ရိုက်အချိုးမကျပေမယ့် သွယ်ဝိုက်ပြီး သက်ဆိုင်နေပြန်တယ်။ ငါးပိရည်က ရေဓာတ်ထိန်းထားလို့ ဝိတ်ချရာမှာ လိုတာထက် ပိုပင်ပန်းတယ်။ ပွဲတွင်းမှာ လန်းလန်းဆန်းဆန်းမရှိတော့ဘူးလေ။ ပွဲတွင်းဝိတ်လည်း အသာမရတော့ဘူး။ ကစားသမားတိုင်းလိုလိုက ကြိုးဝိုင်းထဲမှာ အကောင်သေးသေးလေးဖြစ်နေတယ်။
အခုနောက်ပိုင်းမှာ မြန်မာဖိုက်တာတွေက ဝိတ်ချရာမှာ အခက်အခဲဖြစ်လာပြန်တယ်။ ကစားသမားတိုင်း ဝိတ်ချရပေမယ့် မြန်မာကစားသမားတွေကျမှသာ တိုင်ပတ်ပြီး ကွက်ကြားမိုးရွာနေတာပါ။ စားချင်သလို စားမယ်ဆိုတာ ပြည်တွင်းမှာပဲ အဆင်ပြေပါတယ်။ ရောမရောက်ရင် ရောမလိုကျင့်ဆိုသလို ပြည်ပရောက်ရင် ဒီထက်ပိုအဆင့်မြင့်ရမယ်။ ဒါက သိပ်ခက်လှတယ်မဟုတ်ပါဘူး။ အာဟာရဗေဒကို သေချာနားလည်တဲ့ ဆရာဝန်ကို အကူညီတောင်းလိုက်မယ်ဆိုရင် အေးဆေးပါ။ ဒါလေးကို ဘာဖြစ်နေတာလဲ။
အောင်မယ်၊ ကိုယ့်ဘက်က မဟုတ်တရုတ်လုပ်ထားသေးတယ်၊ ထောက်ပြသူကိုတောင် ရွဲ့သလိုလို ဘာလိုလိုလုပ်မယ်ဆိုရင် အရှုံးရလဒ်ထွက်ရုံကလွဲပြီး တခြားမရှိပါဘူး ခံကြီးမောင်တို့ရေ။ ဉာဏ်ရည်နိမ့်ပေ မောင်ဖြိုးဝေနဲ့ အောက်ဆွဲကောင်တစ်သိုက်လည်း ဒါကို သိထားဖို့လိုပါတယ်။
"လောကကြီးကို အရွဲ့မတိုက်နဲ့၊ လောကကြီးက မင်းထက်သာတယ်၊ မင်းပဲ ဒုက္ခရောက်လိမ့်မယ်၊ မင်းရဲ့ စိတ်ကို ပြုပြင်ဦးဟေ့"
မြန်မာဖိုက်တာတွေ ရှုံးပွဲဆက်ရင် ဘာဖြစ်မလဲ။ ပရိသတ်အင်အားကြောင့် မြန်မာဖိုက်တာတွေက ပွဲရနေဦးမှာပဲ။ ဒါပေမယ့် ကစားသမားပြောင်းသွားနိုင်တယ်။ အခုထိုးနေတဲ့ ဖိုက်တာတွေအစား နောက်လူသစ်မြန်မာဖိုက်တာတွေကိုပဲ အစားထိုးသွားနိုင်တယ်။ ဉာဏ်ရည်နိမ့်ပေ မောင်ဖြိုးဝေက နစ်နာမှာ မဟုတ်ပါဘူး။ ကစားသမားနဲ့ ပွဲစီစဉ်သူကြားမှာ ချိတ်ဆက်ပေးရတဲ့ ပွဲစားကောင်ဆိုတော့ ငိုစားရယ်စားလုပ်ပြီး ရာခိုင်နှုန်းရနေဦးမှာပဲ။ မြန်မာဖိုက်တာတွေပဲ ရှုံးပွဲဆက်ပြီး ခံကြီးမောင်ဖြစ်သွားမှာပါ။ လောကကြီးက မင်းထက်သာသလို ကျော်စိုးအောင်ကလည်း မင်းတို့ထက် ဥာဏ်ရည်ပိုမြင့်ပါတယ်လို့။ ဒီလောက်ပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။
Reference Source - SCMP
Photo Credit - ONE Championship
ကျော်စိုးအောင် (Myanmar Fight Edition)

image