9 ပတ် - ဘာသာပြန်ပါ။

ဂျာကင်အင်္ကျီ ခိုးခံခဲ့ရဖူးတဲ့ Dean
Supernatural ထဲမှာ Dean အမြဲဝတ်တဲ့ ဂျာကင်
အင်္ကျီ က သူ့အဖေ John စီက အမွေရထားတဲ့ အင်္ကျီဖြစ်ပါတယ်။ ဒီဂျာကင်အင်္ကျီကိုတော့ ပထမ Season 5 ခုအထိ Dean ဝတ်ပြီး Season 6 ကို Promo လုပ်တဲ့အချိန်မှာ အဝတ်စားဗီရိုတွေ အကူးအပြောင်းလုပ်တဲ့အချိန် ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒီလို ဂျာကင်အင်္ကျီ ခိုးယူခံခဲ့ရကြောင်း သတင်းတွေထွက်ပေါ်လာပြီးနောက်မှာတော့ ထုတ်လုပ်ရေးကနေ Jensen Ackles အတွက် အဆင်ပြေစေမယ့် ဂျာကင်မျိုးတွေရှာဖွေခဲ့ပေမယ့် သင့်တော်တာ မတွေ့တဲ့အတွက် နောက်ဆုံး စစ်ဘက်အင်္ကျီတစ်ထည်နဲ့ အစားထိုးခဲ့ပါတယ်။
အစားထိုးထားတဲ့ ဂျာကင်အင်္ကျီကိုလည်း ထုတ်လုပ်ရေးအပိုင်းက မကြိုက်တဲ့အတွက် Season 7 မှာ Dean ကို ဂျာကင်အင်္ကျီတွေမဝတ်ခိုင်းတော့ပဲ သရုပ်ဆောင်ခိုင်းခဲ့ပါတယ်။
Dean ရဲ့ ဂျာကင်အင်္ကျီ မပါတဲ့အပေါ် ပရိတ်သတ်တွေကတော့ မေးခွန်တွေထုတ်ခဲ့ဖူးတာတွေလည်း ကြုံခဲ့ရဖူးပါတယ်။

image