9 ပတ် - ဘာသာပြန်ပါ။

❛ မင်းတို့ဟာ အချစ်ကို
ကုန်ပစ္စည်းတစ်ခုလောက်သာ
သဘော ထားကြတာပါ အေးမရာ။
အမြတ်ရရင် ပစ္စည်းကို ရောင်းမယ်။
ဒိထက် အမြတ်ရရင် အဲဒီ အမြတ်
ပေးတဲ့လူကို ရောင်းတာပဲ မဟုတ်ဘူးလား။
မှောင်ခိုလုပ်တဲ့နေရာမှာတော့
အောချလောက်ပါတယ်။
ပစ္စည်းတင်မကဘူး၊
အချစ်ကိုတောင် မှောင်ခိုလုပ်ကြတယ် ❜
_ _ _ _ _ _ _ _
လူ့ဘဝကြီးဟာ လှည့်ကွက်တွေ ၊
စဥ်းလဲမှုတွေ ၊ သမာအာဇီဝ နဲ့
တိမ်မည်းတွေလိုအုံ့မှိုင်းနေတဲ့
ခေတ်ရဲ့ဖိနှိပ်မှုတွေ နဲ့အတူ
ရှိရင်းစွဲအားအင်နဲ့ မမျှအောင်
တဝမ်းတခါးအတွက်
ခက်ခဲစွာ ရုန်းကုန်ရှင်သန်နေရခြင်းတွေနဲ့
ဘဝတွေ အစစ ရောပြွမ်းယှက်နွယ်နေတဲ့
ပဥ္စလက်ဆန်ဆန် မာယာဘုံကြီး တစ်ခု
ဖြစ်နေတဲ့အကြောင်း
ဆရာမြရဲ့ဒီစာအုပ်ကိုဖတ်ပြီးတာနဲ့
ပိုသိပိုမြင်ပိုခံစားမိလာမှာပါ ။
× × × × ×
❛ မာယာဘုံ ❜
▫️မြသန်းတင့်▫️

image