GaroSero YouTube မှထုတ်ပြန်ချက်အရ Kim Soo Hyun ဟာ Kim Sae Ron ရဲ့အိမ်မှာ ပန်းကန်ဆေးနေတဲ့ ဓာတ်ပုံကို လူသိရှင်ကြား ပြသခဲ့ပါတယ်။
မတ်လ ၁၆ ၊ ၂၀၂၅
လက်ရှိမှာ Garosero ရဲ့ ထုတ်ပြန်ချက်အရ Kim Soo Hyun ဘက်မှ Kim Sae Ron ရဲ့ဖခင်ထံ ဆက်သွယ်ကာ လာဘ်ထိုးဖို့ ကြိုးစားခဲ့ပေမယ့် Kim Sae Ron ရဲ့ ဖခင်က သူ့ကို နောက်ထပ် ဆက်သွယ်မလာဖို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် Kim Sae Ron မိသားစုက အောက်ပါအချက်လက်တွေကိုတောင်းဆိုလာပါတယ်။
Kim Sae Ron မိသားစု၏ တောင်းဆိုချက်များ:
1. Kim Soo Hyun သည် Kim Sae Ron နှင့် အရွယ်မရောက်သေးစဉ် ချစ်သူဖြစ်ခဲ့ကြောင်း ဝန်ခံပြီး တောင်းပန်ရန် တောင်းဆိုထားပါသည်။၊
2. Gold Medalist မှ နှစ်ပေါင်းများစွာ မီဒီယာထိန်းချုပ်မှုများအတွက် တောင်းပန်ဖို့ တောင်းဆိုထားပါသည်။
3. Kim Sae Ron က Gold Medalist ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး တောင်းပန်ဖို့ တောင်းဆိုပါသည်။
4. Gold Medalist မှ ₩700M KRW ကိုပြန်ဆပ်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ ဝန်ခံပြီး တောင်းပန်ရန် ကျွန်ုပ်တို့ တောင်းဆိုသည်။
5. Lee Jin Ho ကို ဖော်ထုတ်ဖို့ အာရုံစိုက်ရန်အတွက် Kim Soo Hyun ကို ကျွန်ုပ်တို့ ချန်လှပ်ထားခဲ့ကြောင်း ရှင်းလင်းပါသည်။
6. မမှန်ကန်သော စွပ်စွဲချက်များကို ဆန့်ကျင်သည့် အမှန်တရားကို သက်သေပြရန် Kim Soo Hyun ရဲ့ ဓာတ်ပုံများကို ကျွန်တော်တို့ ထုတ်ပြခဲ့ပါသည်။
7. Lee Jin Ho အား တရားစွဲဆိုမှု ပြုလုပ်လျက်ရှိပြီး လူသိရှင်ကြား တောင်းပန်စကား မျှော်လင့်ပါသည်။
8. ကျွန်ုပ်တို့ မိသားစုကို မလေးစားသည့် ဖြစ်ရပ်အတွက် တောင်းပန်ရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။
စတဲ့ ထုတ်ပြန်ချက်တွေနဲ့အတူကြေညာခဲ့ပါတယ်။

image