Wednesday Season 3 လာဦးမယ်လို့ သရုပ်ဆောင်ကိုယ်တိုင် အတည်ပြု
မတ်လ ၁၇ ၊ ၂၀၂၅
၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Netflix ရဲ့ Wednesday စီးရီးက ထုတ်လွှင့်ဆဲအချိန်မှာတင် နိုင်ငံတကာက ရုပ်ရှင်ပရိသတ်တွေကြားမှာ ဝက်ဝက်ကွဲအောင်မြင်ကျော်ကြားခဲ့တဲ့အထိ နာမည်ကြီးသွားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။
Addams Family ရဲ့ သမီးအလိမ္မာလေးတစ်ယောက်ဖြစ်တဲ့ ဗုဒ္ဓဟူးသမီးအကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲကို Tim Burton က ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ Jenna Ortega က အကောင်းဆုံး သရုပ်ဆောင်ပြသွားခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဇာတ်လမ်းတွဲရဲ့ အရှိန်အဝါကြီးမားမှုကြောင့် Netflix ဘက်ကနေ Season 2 ပါ ထွက်ရှိလာမယ်လို့ ကြေညာထားခဲ့တဲ့အပြင် ရိုက်ကူးရေးတွေတောင်မှ လုပ်နေပါပြီ။
ဒါတင်မကသေးဘဲ ဇာတ်လမ်းတွဲရဲ့ အဓိက သရုပ်ဆောင်ဖြစ်တဲ့ Jenna Ortega က Season 2 အတွက် ရိုက်ကူးရေးမပြီးခင်မှာ Season 3 အထိ ထွက်ရှိလာဦးမယ်လို့ မကြာသေးခင်ကမှ အတည်ပြုပြောကြားလာခဲ့ပါတယ်။
ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းရေးဆရာတွေက အခုအချိန်မှာ Season 3 အတွက် အကောင်းဆုံးဖြစ်အောင် ဇာတ်လမ်းတွေကို တင်ကြိုရေးသားနေပြီဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ Jenna Ortega ကဆိုပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး Netflix ဘက်ကနေ Season 3 နဲ့ ပတ်သက်ပြီး မီးစိမ်းမပြသေးသလို အတည်ပြုပြောကြားချင်းတွေလည်း မရှိသေးပါဘူး။
သို့ပေမဲ့ Wednesday Season 3 နဲ့ ပတ်သက်ပြီး ဇာတ်ညွှန်းရေးဆရာတွေက ဇာတ်လမ်းတွေ ကြိုတင်ဖန်တီးနေတဲ့အပြင် သရုပ်ဆောင်ဖြစ်သူကလည်း အတည်ပြုပြောကြားထားတာကြောင့် ရုပ်ရှင်ပရိသတ်တွေအနေနဲ့ ဗုဒ္ဓဟူးသမီးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုရဖို ရှိနေပါတယ်။

image