9 ပတ် - ဘာသာပြန်ပါ။

ဂုတ်ကြီးကတော့ ညက တဂိုးထပ်သွင်းပြီး ကစားသမားဘ၀ သွင်းဂိုး ၉၂၈ ဂိုးအထိ ရှိလာပါပြီ။ နောက်ထပ် ၇၂ ဂိုးသွင်းနိုင်ရင် ဂိုး ၁၀၀၀ ပြည့်ပါတော့မယ်။ သူ ဂိုး ၉၀၀ ပြည့်ပြီးချိန်မှာ ဂိုး ၁၀၀၀ သွင်းမယ်လို့ ပြောခဲ့တယ်။ အဲဒီတုန်းက ယုံသူရော၊ မယုံသူရောရှိခဲ့တယ်။

အဲလိုပြောပြီးနောက်မှာ သူ ၂၈ ဂိုးအထိ သွင်းထားနိုင်ပြီးပြီ။ နောက်ထပ် ၇၂ ဂိုးရဖို့ကတော့ အချိန်ယူရဦးမှာ သေချာတယ်။ အနည်းဆုံး ၁နှစ်ကျော်ပဲ။ အဲဒီထက်တောင်မှ ပိုကြာချင်လည်းကြာနိုင်တယ်။ ဒီတော့ သူ အနားမယူခင်မှာ လုပ်သွားနိုင်မလားကြည့်ရမယ်။

image