9 ပတ် - ဘာသာပြန်ပါ။

လူသားများမပါဝင်တော့သော အနာဂတ် AI (နှင့်) 🤖🤖
အကူအညီမလို ပုံတူပွားနိုင်နေတဲ့ AI Agent များ ⚠️
[စာဖတ်ချိန် ၁ မိနစ်]
လက်ရှိခေတ် ကျွန်တော်တို့တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတဲ့ (AI) အေအိုင်နည်းပညာတွေဟာ လူသားတွေဖန်တီးထားတဲ့ (Data) ဒေတာနဲ့ သတ်မှတ်ထားတဲ့ (Program) ပရိုဂရမ်တွေအတိုင်းကိုပဲအလုပ်လုပ်နိုင်တဲ့ Narrow AI တွေဖြစ်ပါတယ်။ 🦾🦿
လူသားတွေရဲအကူအညီမပါပဲ လည်ပတ်နိုင်ဖို့မဖြစ်နိုင်သေးပါဘူး။ AI တစ်ခုကိုလူသားတွေရဲ့ထိန်းချုပ်မှုအောက်ကလွတ်မထွက်နိုင်ဖို့၊ အသုံးပြုသူလုံခြုံရေးကိုကာကွယ်ဖို့ စတာတွေကို စိုးရိမ်ရည်အမှတ် တစ်နည်းအားဖြင့် Red Line မကျော်အောင်ထိန်းထားတဲ့အချက်တွေရှိပါတယ်။🚨
AI နည်းပညာဟာအခုတော့ အဲ့အချက်တွေထဲကအရေးကြီးဆုံးတစ်ခုကိုကျော်ဖြတ်ခဲ့ပါပြီ။ Cornell University ရဲ့တွေ့ရှိချက်အရ Meta ရဲ့ Llama31-70 B နဲ့ Alibaba ရဲ့
Qwen25-72B Model နှစ်ခုဟာ လူသားတွေအကူအညီမပါပဲ ကိုယ်တိုင်ပုံတူ System တစ်ခုကိုပွားနိုင်ခဲ့ပါတယ်။
ဒီလိုပွားနိုင်တာဟာ Meta Llama31-70 B မှာ ၅၀ ရာခိုင်နှုန်းရှိပြီး Alibaba Qwen25-72B ကတော့ ၉၀ ရာခိုင်နှုန်းအထိလုပ်နိုင်နေပါတယ်။ ဒါဟာ System ကိုလူသားတွေအကူအညီမပါပဲ ပုံတူပွားပြီး ပုံတူပွားထားတဲ့ System ကိုပါထပ်ပြီး ပုံတူပွားဖို့လမ်းညွှန်နိုင်တဲ့ပုံစံပါ။ Self-replication လုပ်တယ်လို့ခေါ်ပါတယ်။
AI System တစ်ခုဟာလူသားတွေအကူအညီမလိုပဲလုပ်လာနိုင်တဲ့ပထမအစဖြစ်သလိုအန္တရာယ်ရှိ‌လာတဲ့အဆင့်ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေကတော့ AI တွေအခုလိုပုံတူပွားနိုင်‌နေတာကို သေချာမကိုင်တွယ်ရင် အနာဂတ်မှာရုပ်ရှင်တွေထဲကလိုလူသားတွေလုံးဝထိန်းချုပ်လို့မရနိုင်တော့တဲ့အခြေအနေအထိဖြစ်လာပါလိမ့်မယ်။

image