9 w - Translate

နေမာကတော့ ထုံးစံအတိုင်းဖြစ်လာပြန်ပြီ။ ဘရာဇီးလ်လူစာရင်းကနေ နုတ်ထွက်လိုက်ပြီဖြစ်ပြီး အန်းဒရစ်ခ်က သူ့နေရာကို ဝင်လာပါတယ်။ ဒဏ်ရာကြောင့် ဆန်းတို့စ်ရဲ့ နောက်ဆုံးပွဲကို သူ မကစားနိုင်ခဲ့သလို အခု လက်ရွေးစင်မှာ တကျော့ပြန်ရွေးချယ်ခံရပြီးမှ ပြန်နုတ်ထွက်သွားခဲ့ရတာပါ။

ပိုပြီးတော့ ထူးခြားတာကတော့ အရင်နှစ်တွေကလိုပါပဲ၊ သူ့ညီမမွေးနေ့မတိုင်ခင် ဒဏ်ရာရခဲ့တာပါ။ သူ့ရဲ့ ကစားသမားဘ၀မှာ ညီမမွေးနေ့မရောက်ခင် ဒဏ်ရာရတဲ့အကြိမ်ပေါင်းက ၁၀ ကြိမ်ထက်မကရှိခဲ့ပါတယ်။ ညီမကို အရမ်းချစ်တဲ့နေမာက သူ့ညီမမွေးနေ့ပွဲကို ဆင်နွှဲချင်လို့ ဒဏ်ရာတမင်ရအောင် ယူတာလို့ပါ စွပ်စွဲခံရတဲ့အထိ တိုက်ဆိုင်ခဲ့နေခဲ့တာပါ။

image