9 w - Translate

င်္ဂလန်အတွက် ရွေးချယ်ခံရပြီး ၃ရက်အကြာမှာပဲ ဒန်ဘန်းကတော့ ရော့ကတ်ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းပြလိုက်ပါတယ်။ ကာရာဘောင်ဗိုလ်လုပွဲမှာ နယူးကာဆယ်အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ထောင့်ကန်ဘောကနေ သူ ခေါင်းတက်တိုက်ခဲ့တာပါ။ အသက် ၃၂ နှစ်ရောက်မှ လက်ရွေးစင်အတွက် ပထမဆုံးကစားပေးရတော့မယ့် ဒန်ဘန်းဟာ ငှက်ကျားတွေနဲ့အတူ ဆုဖလားပါ ရယူနိုင်ခဲ့ပါပြီ။
ငယ်ငယ်က တိုက်စစ်မှူးအဖြစ်နဲ့ ကစားခဲ့ပြီး အဆင်မပြေခဲ့လို့ နယူးကကာဆယ်အကယ်ဒမီက သူ့ကို စာချုပ်ဖျက်သိမ်းခဲ့တယ်။ ဗဟိုခံစစ်ကသာ သူ့အတွက်နေရာမှန်လို့ သိခဲ့ပြီးနောက် နေရာပြောင်းကစားခဲ့တဲ့ ဒန်ဘန်းဟာ မထင်မရှားကစားသမားအဖြစ်နဲ့သာ အချိန်အများစုကို ကုန်ဆုံးခဲ့ရပါတယ်။
နယူးကာဆယ်ဆီ တကျော့ပြန်ရောက်လာပြီးနောက်မှာ ပရိသတ်အသိအမှတ်ပြုမှုကို သူ ရခဲ့ပြီး အခုတော့ အရေးပါတဲ့ ကစားသမားအဖြစ်နဲ့ ဆုဖလားတလုံးပါ ရယူနိုင်ခဲ့ပါတယ်။ ကာဆယ်တို့ ဆော်ဒီပိုင်ရှင်လက်အောက် ပထမဆုံးအောင်မြင်မှုဖြစ်ပြီး နှစ်ပေါင်းများစွာ အောင်မြင်မှုနဲ့ ဝေးကွာနေတာကိုပါ အဆုံးသတ်နိုင်ခဲ့ပါပြီ။

image