တရုတ်မှာ iOS ကို HarmonyOS ကျော်သွားပြီ
တရုတ်အစိုးရက တရုတ်ဖုန်းဝယ်သူတွေကို အားပေးပြီး စီးပွားရေးကောင်းအောင် မောင်းနှင်နေပါတယ်။
ဒီအချိန်မှာ Huawei အတွက် သတင်းကောင်းတစ်ခုက တရုတ်ဈေးကွက်မှာ Huawei ရဲ့ HarmonyOS က iOS ကို ကျော်တက်နိုင်တာပါပဲ။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်မှာ iOS ကို ကျော်တက်နိုင်တာ Huawei အတွက် ဂုဏ်ယူစရာမှတ်တိုင်လို့ ပြောနိုင်ပါတယ်။
CounterPoint Research က လုပ်တဲ့ သုံးလပတ်အစီရင်ခံစာအရ ၂၀၂၄ စတုတ္ထသုံးပတ် တရုတ် OS ဈေးကွက်အတွက် Android ပြီးရင် ဒုတိယအကြီးဆုံးက HarmonyOS ဖြစ်ပြီး iOS က တတိယလိုက်တာ တွေ့ရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ Huawei က iOS နောက် တတိယနေရာမှာ ရှိပါတယ်။
