9 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်ရေတပ် အမောင်းသင်တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ခုန်ထွက်လွတ်မြောက်
တရုတ်ရေတပ်မှ အမောင်းသင်တိုက်လေယာဉ်တစ်စင်း မတ် ၁၅ ရက် မွန်းလွဲပိုင်းက ဟိုင်နန်ပြည်နယ်၌ ပျက်ကျခဲ့ရာ လေယာဉ်မှူးအနေဖြင့် လေထီးအကူအညီသုံး၍ အသက်ဘေးလွတ်မြောက်ခဲ့ကြောင်း တရုတ်စစ်ဘက်က သတင်းထုတ်ပြန်ထားသည်။
အမောင်းသင်တိုက်လေယာဉ် ပျက်ကျမှုကြောင့်ပျက်ကျရာနေရာတွင်လည်း အထိအခိုက်အပျက်အစီးမရှိခဲ့ကြောင်း တရုတ်ရေတပ်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ အမောင်းသင်တိုက်လေယာဉ်သည် တရုတ်စစ်ဘက်၏ တောင်ပိုင်းဒေသစစ်ဌာနချုပ်မှ အမောင်းသင်တိုက်လေယာဉ်ဖြစ်ပြီး လေ့ကျင့်ပျံသန်းမှုပြုလုပ်နေစဉ် ဟိုင်နန်ကျွန်းပေါ်ရှိ ကွင်းပြင်တစ်ခုအပေါ်ပျက်ကျခဲ့ရသည်။
အမောင်းသင်တိုက်လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာများ၏ အဆိုအရသိရသည်။
တောင်ပိုင်းဒေသစစ်ဌာနချုပ်သည် တောင်တရုတ်ပင်လယ်ဒေသအပါအဝင် တရုတ်နိုင်ငံ၏ အရေးအကြီးဆုံးနယ်မြေအချို့အတွက် စစ်ရေးအရတာဝန်ယူထားရသောစစ်ဌာနချုပ် ဖြစ်သည်။
တောင်တရုတ်ပင်လယ်ဒေသ ပိုင်ဆိုင်ခွင့်အငြင်းပွားရေပြင်များသည် တရုတ်နှင့်ဖိလစ်ပိုင်တို့အကြား ပင်လယ်ရေကြောင်းထိပ်တိုက်ရင်ဆိုင်မှုများ မကြာခဏဖြစ်ပွားနေသည့်နေရာများ ဖြစ်သည်။
ရိုက်တာ

image