ညနေ ၅ နာရီမခွဲခင်မှာပဲ အပူချိန်တွေ လျော့ကျသွားပြီဖြစ်လို့ ကမ္ဘာမြောက်ခြမ်း-အပူချိန်အမြင့်ဆုံးစာရင်းမှ မြန်မာနိုင်ငံက ချောက်မြို့နဲ့ မကွေးမြို့တို့ ပျောက်သွားပါပြီ။
အလားတူ ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်းမှာရှိနေတဲ့ မြန်မာနိုင်ငံက ချောက်မြို့မရှိတော့ပါ။
မကွေးတိုင်းက မြို့တွေဖြစ်တဲ့ ချောက်မြို့နဲ့ မကွေးမြို့တို့ နေ့လည်ပိုင်း အပူချိန်အမြင့်ဆုံးစာရင်းမှာ စတင်မြင်ရချိန်မှ အပူချိန်ပြန်လည်လျော့ကျပြီး ပျောက်ကွယ်သွားချိန်အထိ စောင့်ကြည့် တင်ပြပေးတဲ့ ရည်ရွယ်ချက်က -
ဘယ်အချိန်မှာ အပူဆုံးဖြစ်နေတယ်ဆိုတာသိကြရအောင်ဖြစ်ပါတယ်။ ဒီနေ့တင်ပေးလိုက်တဲ့ အခြေအနေတွေအရ နေ့လည် ၁၂ နာရီ မထိခင်ကတည်းက စ ပြီဂ အမြင့်ဆုံးအပူချိန်တွေဖြစ်လာပါတယ်။ ညနေ ၅ နာရီအထိပါဘဲ။
ဒီတော့ နေ့လည် ၁၂ နာရီမထိုးခင်အချိန်မှ ညနေ ၅ နာရီအချိန်အထိ အပူပြင်းတဲ့ဒဏ်ကျရောက်နိုင်တာကြောင့် ဒီအချိန်အတွင်းမှာ ကျန်းမာရေးအထူးဂရုစိုက်ကြဘို့ပါဘဲ။
#crd
#topicnews
