9 w - Translate

Prabhas ရဲ့ကားလေးတွေထဲမှာ
ဒီလို Action,Romance ဆန်ဆန် ဇာတ်ကားလေးတွေရှိနေတာကို ကျွန်တော်တော့ အခုမှ သတိထားမိတယ်။

ငယ်ဘဝသံယောဇဉ် ၊ ငယ်ချစ်
ချစ်တီး(Chitti)ကို
နှစ်ပေါင်းများစွာတိုင်အောင် လိုက်ရှာတဲ့
ဘူဂျီ(Bujji)ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို တခမ်းတနားရိုက်ပြထားပုံကို ကြွေမိတယ်။

ငယ်ချစ်ကို လိုက်ရှာတဲ့
အချစ်ဇာတ်လမ်းကိုမှ ချစ်တီးအကိုက
ဂန်းစတားခေါင်ဆောင်ဖြစ်နေတော့
ဘူဂျီတစ်ယောက် လူမိုက်လောကထဲကို
ပါဝင်ပက်သက်ရပုံတွေ ပါလာတယ်။

ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက
Telugu မင်းသား Prabhas ၊ Mohan Babu နဲ့ Tamil မင်းသမီး Trisha တိုဆိုတော့. . .
သိပ်ညွှန်းစရာတောင် မလိုလောက်တော့ဘူး ထင်ပါတယ်။

ကြည့်ကြည့်ပါ။
တောင်ပိုင်းကားပရိတ်သတ်ဆယ်ယောက်မှာ 7 ယောက်အထက် ကြိုက်မယ်ဆိုတာ အာမခံပါတယ်။

#crd
#storymode

image