အဆိုတော်ဖြိုးကြီးရဲ့ မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲကို တက်ရောက်ခဲ့တဲ့ အိမ့်ချစ် 🥰🥰🥰
အဆိုတော် အိမ့်ချစ်က အနုပညာမောင်နှမတစ်ဦးဖြစ်သူ အဆိုတော်ဖြိုးကြီးရဲ့ မင်္ဂလာဆွမ်းကျွေးပွဲကိုတက်ရောက်ဂုဏ်ပြုခဲ့တာပါ။ ဖြိုးကြီးဟာ ချစ်သူဖြစ်တဲ့ ခိုင်မိုမိုသဲနဲ့ ဒီကနေ့မှာပဲ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ မင်္ဂလာညစာစားပွဲ(Dinner) ကိုလည်း ဆက်လက်ပြီး ကျင်းပသွားမယ်လို့ သိရပါတယ်။
