သမာအာဇီဝနဲ့ရှာပြီး ဝယ်ထားတဲ့ အိမ်သစ်လေးကို လပြည့်နေ့မှာ ပြောင်းရွှေ့ခဲ့တဲ့ မေနွယ်ထွန်း 🥰
ဆွိ လို့ ချစ်စနိုးနဲ့ လူသိများကြတဲ့ မေနွယ်ထွန်းက သူမရဲ့ အိမ်သစ်လေးကို လပြည့်နေ့မှာ ပြောင်းရွှေ့ခဲ့တာပါ။ ဒီတိုက်ခန်းလေးဟာ သူမကိုယ်တိုင် ပင်ပင်ပန်းပန်းနဲ့ ကြိုးစားရှာဖွေထားတာဖြစ်တယ်လို့ သူမကပြောပါတယ်။ သူမက တပေါင်းလပြည့်နေ့မှာ ပြောင်းရွှေ့ခဲ့ပြီး ဘုရားပန်း၊ ရေချမ်း ၊ ဆွမ်းတွေကပ်လှူပူဇော်ခဲ့ပြီး သူမရဲ့ အိမ်သေးသေးလေးကို ပြခဲ့တာပါ။ နောက်နေ့တွေမှာလည်း ဒီအိမ်အသစ်လေးမှာ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ဆက်ပေးသွားဦးမယ်လို့ သိရပါတယ်။
