9 w - Translate

Tesla ရောင်းအားနှင့်စတော့ရှယ်ယာများထိုးကျ
Elon Musk ကယူကရိန်း၏ စစ်ဆင်ရေးများအတွက် Starlink ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ရန် SpaceX က ထိန်းချုပ်ထားသည့်ကိစ္စကြောင့်Tesla ​၏တန်ဖိုးများကျဆင်းလာသည်။

Tesla သည် စပိန်တွင် ၇၅.၄% နှင့်ယခုနှစ် ပထမနှစ်လအတွင်း နော်ဝေတွင် 48% ရောင်းအားကျဆင်းခဲ့ပြီး လက်ရှိတွင် Tesla သည်စိန်ခေါ်မှုတစ်ရပ်နှင့်ရင်ဆိုင်နေရသည်။

ကမ္ဘာလုံးဆိုင်ရာ EV စျေးကွက်တွင်လဲ ကိုယ်စီကိုယ်စီရုန်းကန်မှုများနှင့်ရင်ဆိုင်နေရချိန်တွင် CEO Elon Musk ၏ နိုင်ငံရေးအမြင်မှာအများနှင့်မတူညီသည့် အတွက် ဆန့်ကျင်မှုများပိုမိုကြီးထွားလာရခြင်းဖြစ်သည်။ Tesla အရောင်းပြခန်းအပြင်ဘက်တွင် ဆန္ဒပြမှုများနှင့် Musk ၏ဂုဏ်သတင်းကြောင့် ကားဝယ်ယူသူ 60% သည် ချီတုံချတုံဖြစ်နေကြောင်း ဖော်ပြထားသည်။

Tesla ၏စတော့ရှယ်ယာ (TSLA) သည်လည်း $266.999 သို့ကျဆင်းသွားခဲ့ပြီး လွန်ခဲ့သည့်တစ်လက $389.0059 အထိရှိခဲ့သည်ဖြစ်သည်။

image