ရှယ်ယာဈေးထိုးကျနေချိန် Tesla သူဌေးတွေ ရှယ်ယာ ထုတ်ရောင်းနေ
Tesla ကုမ္ပဏီဟာ ၅ နှစ်အတွင်း အဆိုးဆုံးရှယ်ယာထိုးကျမှုနဲ့ ကြုံနေပါတယ်။
ဈေးကွက်တန်ဖိုး အမြင့်ဆုံးတက်ခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့နဲ့ စာရင် ကုမ္ပဏီတန်ဖိုး ထက်ဝက်ကျော်ကျဆင်းသွားပြီး market cap ထဲက ဘီလျံ ၈၀၀ လောက် ဆုံးရှုံးသွားတာပါ။ ဒီသတင်းတွေနဲ့အတူ အခုတစ်ပတ် တနင်္လာနေ့မှာ Tesla စတော့တွေ ၁၅% ကျော် ကျဆင်းသွားခဲ့ပါတယ်။
Tesla ရဲ့ ရွှေရောင်အနာဂါတ်တွေ မှေးမှိန်လာချိန် ကုမ္ပဏီရဲ့ ထိပ်တန်းရှယ်ယာရှင်တွေလည်း ရှယ်ယာထုတ်ရောင်းလာတာ တွေ့ရပါတယ်။ မကြာသေးခင်က Tesla ဘဏ္ဍာရေးအရာရှိချုပ် ဗိုင်ဘေ့ဗ် တာနီဂျာဟာ ရှယ်ယာ ဒေါ်လာ ၁.၇ သန်းဖိုး ရောင်းခဲ့ပါတယ်။ တာနီဂျာဟာ ပြီးခဲ့တဲ့လကပဲ ဒေါ်လာ ၂.၈ သန်းဖိုး ရှယ်ယာတွေ ထုတ်ရောင်းထားတာပါ။
