ငါးပါးသီလနဲ့ ကပ်ကြီးသုံးပါး 
 🙏🙏🙏🙏🙏🙏🙏🙏 
"ကပ်" ဆိုတာ... 
အတိုင်းအတာ၊ အချိန်ပိုင်းတစ်ခု 
(တစ်နည်း) 
"သတ္တဝါတွေရဲ့ ကံအားလျော်စွာ စီရင်ခြင်း" 
လို့ အဓိပ္ပာယ် ရတယ်။  
သတ္တဝါတွေမှာ တစ်ခါတစ်ခါ 
ဘေးဆိုးရန်ဆိုး၊အန္တရာယ်ဆိုး ဆိုတာတွေဟာ 
အတိုင်းအတာ တစ်ခုအနေနဲ့ ကြုံရတတ်တယ်။ 
ဒါက သတ္တဝါတွေရဲ့ ကံအားလျော်စွာ ဖြစ်တာ။  
မျက်စိဖွင့် နားစွင့်ကြည့် ... 
သတ်ဖြတ်တာတွေ၊  
ခိုးယူ လုယက်တာတွေ၊ 
အဓမ္မအမှုတွေ အမျိုးမျိုး  
အနိုင်ကျင့် လှည့်စားတာတွေဟာ  
နေ့စဉ်လိုလို မြင်ကြားနေရတယ်။ 
ဒါတွေ ဘာကြောင့် ဖြစ်တာလဲ 
"သီလ မစောင့်ထိန်းလို့ ဖြစ်တာပါ" ။ 
မြတ်စွာဘုရားရဲ့တရားတော်တွေမှာ... 
"အကြောင်းကင်းတဲ့ အကြောင်း"ဆိုတာ မရှိသလို 
"အကြောင်းကင်းတဲ့ အကျိုး"ဆိုတာလည်း မရှိဘူး။ 
လူတွေ... 
လောဘဇော. ဒေါသဇော တိုက်ပြီး 
ညှာတာထောက်ထား ... 
ကိုယ်ချင်းစားတရားကင်းမဲ့လာပြီ ဆိုရင် 
မိုးလေ မမှန်တော့ဘူး။ သီးနှံစိုက်ပျိုးလို့ မရ၊ 
အဆီသြဇာလည်း မပြည့်ဝတော့လို့ 
သက်တမ်းတွေလည်း တိုလာရတယ်။ 
လူတွေရဲ့ စိတ်ထားနဲ့ တန်တဲ့ 
ကံတရားရဲ့ ဒဏ်ခတ်ခြင်းလို့ ပြောရမှာပဲ။ 
သဘာဝတရားရဲ့ နှိပ်စက်ခြင်းခံရမယ်။ 
အစာရေစာ ငတ်မွတ်ခေါင်းပါးမယ်။ 
သတ်ဖြတ်တာတွေ ဖြစ်လာမယ်။ 
ရောဂါဆိုးတွေက နှိပ်စက်မယ်။ 
ဒါ ကပ် ဆိုက်တာလို့ ပြောတာ။ 
ဒါတွေက လွတ်ဖို့ဆိုရင်... 
"မင်းက အစ, ပြည်သူ အဆုံး" 
အားလုံး သီလလုံမှ ဖြစ်မယ်။ 
၁။ ပါဏာတိပါတာ သိက္ခာပုဒ်ကို စောင့်ထိန်းရင် 
သတ်ဖြတ်ညှင်းဆဲတဲ့ 'သတ္ထန္တရ'ကပ်ဆိုးကြီးကို 
ကာကွယ်ရာရောက်တယ်။ 
၂။ အဒိန္နာဒါန သိက္ခာပုဒ်ကို စောင့်ထိန်းရင် 
ငတ်မွတ်ခေါင်ပါးတဲ့ 'ဒုဗ္ဘိက္ခန္တရ'ကပ်ဆိုးကြီးကို 
ကာကွယ်ရာရောက်တယ်။ 
၃။ ကာမေသုမိစ္ဆာစာရ 
၄။ မုသာဝါဒ၊ 
၅။ သူရာမေရယ 
သိက္ခာပုဒ် သုံးပါးကို စောင့်ထိန်းရင် 
အနာရောဂါနှိပ်စက်တဲ့ 'ရောဂန္တရ'ကပ်ဆိုးကြီးကို 
ကာကွယ်ရာရောက်တယ်။ 
ဘုရားအလောင်းနုစဉ်က အိန္ဒိယနိုင်ငံ ကုရုတိုင်းမှာ 
အားလုံး သီလလုံ လို့ ကပ်ကြီးသုံးပါးမှ 
လွတ်မြောက်ပြီး ချမ်းသာနေပေမယ့် ... 
ကာလိင်္ဂတိုင်းပြည်မှာတော့ ကပ်ဘေးကြီးဆိုက်လို့ 
လူတွေရော တိရိစ္ဆာန် တွေပါ အကုန်  
ဒုက္ခရောက်ကြရတယ်။ 
ဘုရားအလောင်းတော် ကုရုမင်းက 
သူတို့ စောင့်ထိန်းနေတဲ့ 'ကုရုဓမ္မ' နောင် "ဂရုဓမ္မ"  
လူတို့ အလေးအမြတ်ထားအပ်သော 
တရားငါးပါးကို ပေးအပ် စောင့်ထိန်းစေတော့မှ 
ကာလိင်္ဂတိုင်းဟာ မင်းနှင့် ပြည်သူတွေပါ 
မိုးလေမှန်လို့ ချမ်းသာရာ ရခဲ့ကြတယ်။ 
ဒါကြောင့် .... 
သူတော်ကောင်းများ အားလုံး 
စည်းစိမ်ခြုံလို့ ဘဝမလုံ 
သီလခြုံမှသာ ဘဝလုံတယ် သိပြီး  
ငါးပါးသီလကို အသက်ထက်ဆုံး  
စောင့်ထိန်းနိုင်ကြပါစေ...။ 
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 
   ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 
   🙏🙏🙏🙏🙏🙏🙏🙏🙏🙏 
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။?