10 w - Translate

#နိုင်ငံတကာသတင်း
◼ထရန့်၏အခွန်စည်းကြပ်မှုအစီအစဉ်များကြောင့်အမေရိကန်စတော့ဈေးကွက်အတွင်းလေးထရီလီယံ ဆုံးရှုံး
သမ္မတဒေါ်နယ်ထရန့်၏ အခွန်စည်းကြပ်မှုများက ရင်းနှီးမြုပ်နှံသူများအား ကြောက်ရွံ့ တွန့်ဆုတ်သွားစေခဲ့ကာ စီးပွားရေးကျဆင်းတော့မည်ဆိုသည့် စိုးရိမ်မှုများနှင့်အတူ စတော့ရှယ်ယာဈေးကွက်တွင် ရောင်းချမှုများ ဖြစ်ပေါ်စေခဲ့ရာ စံ ဈေးကွက်တစ်ခုဖြစ်သည့် S&P 500 ဈေးကွက်တွင် ပြီးခဲ့သည့်လအတွင်း အမေရိကန်ဒေါ်လာ လေးထရီလီယံ ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထရန့်၏ မူဝါဒသစ်များက စီးပွားရေးလုပ်ငန်းများ ၊ စားသုံးသူများနှင့် ရင်းနှီးမြုပ်နှံသူများကြား မရေရာမှုများ ဖြစ်ပေါ်စေခဲ့ပြီး အထူးသဖြင့် အဓိက ကုန် သွယ်ဖက်နိုင်ငံများဖြစ်သော ကနေဒါ၊ မက္ကဆီကို နှင့် တရုတ် တို့အပေါ် အခွန်ချမှတ်လိုက်၊ ပယ်ဖျက်လိုက် လုပ်ခဲ့ခြင်းကြောင့်ပိုဆိုးခဲ့သည်။
“ ကြီးမားတဲ့ ခံစားချက် အပြောင်းအလဲတွေကို မြင်တွေ့နေရတယ်။ ခါတိုင်းအလုပ်ဖြစ်ခဲ့တာတွေက အ ခု အလုပ်မဖြစ်ဘူး။” ဟု Wealth Enhancement ကုမ္မဏီမှ ရင်းနှီးမြုပ်နှံမှုမဟာဗျူဟာရေးဆွဲသူ အာယာကို ယိုရှီအိုကာ က ပြောကြားသည်။
ရှယ်ယာဈေးကွက်ရောင်းချမှုမှာယမန်နေ့တွင် ပိုမိုမြင့်တက်ခဲ့ပြီး အခြေခံစံနှုန်း ဈေးကွက်တစ်ခုဖြစ်သော S&P 500 သည် ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခုနှစ်အတွင်း တစ်ရက်တည်းအများဆုံး ဖြစ်သည်။ Nasdaq Composite ဈေးကွက်က ၄ ရာခိုင်နှုန်း ကျဆင်းပြီး စက်တင်ဘာ ၂၀၂၂ ခုနှစ်နောက်ပိုင်း အဆိုးဆုံးတစ်ရက်တာ ကျဆင်းမှုဖြစ်သည်။
S&P 500 ဈေးကွက် ၏ တနင်္လာနေ့ ဆုံးရှုံးမှုသည် ဖေဖော်ဝါရီ ၁၉ ရက် က စံချိန်တင် အမြင့်ဆုံးတန်ဖိုးနှင့် နှိုင်းယှဥ်ပါက ဈေးကွက်တန်ဖိုး ၈ ဒသမ ၆ ရာ ခိုင်နှုန်းဆုံးရှုံးခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်‌‌‌ဒေါ်လာ ၄ ထရီလီယံ ရှိသည်။
နည်းပညာလုပ်ငန်းများ လွှမ်းမိုးထားသော Nasdaq ဈေးကွက်သည်လည်း ပြီးခဲ့ သည့်ဒီဇင်ဘာတွင်ရှိခဲ့သော အမြင့်ဆုံးအခြေအနေမှ ၁၀ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
၎င်း၏ကုန်သွယ်ရေးမူဝါဒများ ရိုက်ခတ်မှုအပေါ် ရင်းနှီးမြုပ်နှံသူများက စိုးရိမ်နေချိန်တွင် အမေရိကန် က စီးပွားရေးပျက်ကပ်နှင့်ရင်ဆိုင်ရနိုင်သလားဆိုသည့်မေးမြန်းမှုအား မှတ်ချက်ပေးရန် ‌ဒေါ်နယ်ထရန့်က ငြင်းဆန်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image