10 w - Translate

Lexus F & F Sport
————————————————————————
သင်သိပါသလား Lexus F ဆိုတာ Lexus ရဲ့ High-performance division ဆိုတာ?
Mercedes ဆို AMG, BMW ဆို M, Audi မှာဆို S ဆိုပြီး High-performance division/varaint တွေရှိသလိုပါပဲ။
▪️Lexus F
Lexus F နဲ့ F Sport မတူပါဘူး။ Lexus F ဆိုတာ F Sport grade လိုကားရဲ့ Body kit တွေ Digital Cluster တွေပဲကွာတာမဟုတ်ပါဘူး။ Lexus F ဆိုတာPerformance versionပါ။
Lexus F ထဲမှာ IS F, GS F, RC F တို့ဆိုရိုးရိုး Variant ကား နဲ့ Engine, Suspension တွေမတူတော့ဘဲ Drivetrain ကိုပါ Tweaks တွေလုပ်ပါတယ်။ Gearbox ဆိုရင်လဲရိုးရိုးVariantထက် Response ကောင်းအောင်လုပ်ပါတယ်။ ရိုးရိုးကားရဲ့ beefier /aggressive version လို့ပြောရင်ပိုမှန်ပါမယ်။
Exterior ဆိုလဲ ရိုးရိုးF Sport မှာလို Grille (ဇကာကွက်ရှဲ) နဲ့ပင်မယ့် မတူတဲ့ Alloy တွေ၊ Body kit တွေ၊ Quad Exhaust တွေနဲ့ဖြစ်ကုန်ပါတယ်။
Interior ဆိုလဲရိုးရိုး F Sport နဲ့ကြည့်ရင်သာဆင်ပင်မယ့်မတူတဲ့ F Cluster (F Sport cluster နဲ့မတူပါ)တွေ၊ ထိုင်ခုံဆိုလဲလူကိုဖက်ထားပေးတဲ့ Support လို Boldster တွေအပြင် ထိုင်ခုံပုံကအစပြောင်းသွားပါတယ်။ Material ဆိုလဲ Leather အပြင် Alcantara ပါသုံးလာပါတယ်။ Trim ဆိုလဲ Wood trim (ကျွန်းကွက်)အစား Carbon Fibre တွေနဲ့ဖြစ်သွားပါတယ်။ ထိုင်ခုံတွေမှာလဲ Leather stitching နဲ့အရာလေးတွေဖြစ်သွားပါတယ်။
Lexus F ကားတွေမှာဆိုခုထိ 5.0L V8 NA engine တွေနဲ့ပဲလာပါတယ်။ Lexus F တွေမှာပဲ TVD ဆိုပြီး Torque Vectoring Differential ပါလာပါတယ်။
Lexus F division အောက်ကနေသီးခြားထွက်လာတဲ့ကားဆိုလို့ Lexus LFA ပဲရှိပါတယ်။ LFA ကတော့ 4.8L V10 နဲ့ပါ။ Limited quantity နဲ့မို့Brand new လဲမရောင်းတော့ပါ။
Lexus F ဆိုလို့ IS F, GS F, RC Fနဲ့ LFA ပဲရှိပါတယ်။
လောလောဆယ် Brand new ဝယ်လို့ရတာဆိုလို့ RC F ပဲရှိပါတော့မယ်။ IS F နဲ့ GS F ကလဲမထုတ်တော့ပါဘူး။ လိုချင်ရင်တော့ Used market ထဲရှာဝယ်ရပါမယ်။
▪️Lexus F Sport
F Sport ဆိုတာတော့ Lexus ရဲ့ Lineup အားလုံးနီးပါးမှာရှိပါတယ်။ Lexus Sedan lineup မှာဆို F Sport အကုန်ရပါတယ်။ SUV မှာဆို UX, NX နဲ့ RX ပဲရှိပါတယ်။
F Sport ကကျတော့ရိုးရိုး Variant ကိုမှ Grille (ဇကာကွက်)၊ Body kit ၊ Alloy လေးပဲကွာပါတယ် Exterior မှာ။ Interior မှာဆိုလဲ Digital Cluster နဲ့ဖြစ်သွားပါတယ်။ Interior Colour option ကလဲကွာသွားပါတယ်။ engine ကရိုးရိုး Luxury line နဲ့တူတူပါပဲ။
Lexus F မှာလို performance engine၊ sport seats, tweakလုပ်ထားတဲ့ Drivetrain တွေနဲ့မလာတော့ပါဘူး။ ရိုးရိုးအပေါ်ယံ Styling ပဲပြောင်းပြီး Sporty ဖြစ်အောင် Stiff Suspension ပဲပြောင်းလိုက်တာပါ။
F နဲ့ F Sport ကွာခြားပုံကို RC နဲ့ RC F ကိုပြထားပါတယ်။

image