ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းအချိုတွင် ရွှေဓာတ်ခွဲခန်းများ ဖွင့်မည်
------------------------
ရန်ကုန်မြို အပါအဝင် ပြည်နယ်နှင့်တိုင်းအချိုရှိ မြိုများတွင် နိုင်ငံတကာအဆင့်မီ ရွှေဓါတ်ခွဲခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါဓာတ်ခွဲခန်းများကို ရန်ကုန်မြိုအပြင် မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ဘားအံမြိုများ၌ ဖွင့်လှစ်မည်ဖြစ်ပြီး ဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိရန် ဆောင်ရွက်နေကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှသိရပါတယ်။
ထိုပြင် X-ray စစ်ဆေးသည့် စက်များလည်း မှာယူထားပြီးဖြစ်ကာ မြန်မာ့ရွှေများကို ဓာတ်ခွဲစမ်းသပ်နိုင်ရန် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများတွင် စနစ်တကျစမ်းသပ်ပြီး အလေးချိန်နှင့် အရည်အသွေးကို စမ်းသပ်စစ်ဆေးနိုင်မည်လည်း ဖြစ်ပါတယ်။
ဓာတ်ခွဲခန်းများဖွင့်လှစ်ပြီးပါက မြန်မာ့ရွှေကို နိုင်ငံတကာဈေးကွက်သို လွယ်ကူစွာတင်ပိုရောင်းချနိုင်မည် ဖြစ်ကာဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေးအတွက် အစုရှယ်ယာရှင်များကိုလည်း ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
#news
