10 ပတ် - ဘာသာပြန်ပါ။

ပြည်ပထွက်ခွာ အလုပ်လုပ်မည့် မည်သူမဆို အွန်လိုင်းမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းကြားရမည်
PJ နိုင်ငံကူးလက်မှတ်နှင့် OWIC ကတ်ကိုင်ဆောင်ထားပြီး ပြည်ပထွက်ခွာအလုပ်လုပ်မည့် မည်သူမဆို အွန်လိုင်းမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယင်းတွင် အေဂျင်စီအစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့်သော်လည်းကောင်း၊ ခွင့်ပြန်လာသဖြင့် ခွင့်ရက်စေ့ကာ ပြန်လိုခြင်းကြောင့်သော်လည်းကောင်း ပြည်ပ နိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ Online မှတဆင့် လျှောက်ထားကာ (လူကိုယ်တိုင်လာရောက်ရန်မလို) ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ကို ရယူရမည် ဖြစ်သည်။
နိုင်ငံကူးလက်မှတ်မိတ္တူ (ဓာတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းစာမျက်နှာ)၊ သက်တမ်းရှိနေသည့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရှေ့/နောက် မိတ္တူ၊ ခွင့်ပြန်အလုပ်သမားများဖြစ်ပါက သက်တမ်းရှိနေသည့် အလုပ်လုပ်ခွင့်ပါမစ် မိတ္တူနှင့်အလုပ်ရှင် မှ ခွင့်ဖြင့်နေရပ်သို့ပြန်ရန် ခွင့်ပြုသည့် ခွင့်စာ၊ အေဂျင်စီများအနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် တင်ပြရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်နေသည့် သက်ဆိုင်ရာ Email များသို့ တင်ပြရန်၊ မိမိအစီအစဉ်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် တင်ပြရာတွင် သတ်မှတ် အထောက်အထားများနှင့်အတူ migrantde-partures@gmail.comသို့ ပေးပို့လျှောက်ထားရန်၊ အနည်းဆုံး ရုံးပိတ်ရက် (မပါ) (၅) ရက်ကြိုတင်၍ အလုပ်သမားဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်သည်။
လျှောက်ထားသူများကို စိစစ်ပြီးနောက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုသည့်စာရင်းများကို Safe Migration Telegram Channel တွင် ကြေညာပေးမည်ဖြစ်သလို သက်ဆိုင်ရာလေဆိပ်များသို့လည်း ပေးပို့ထားမည်ဖြစ်ကြောင်း သိရသည်။
အသိပေးကြေညာချက်ပါ လုပ်ငန်းစဉ်အား ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက် (တနင်္လာနေ့)တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

image