10 w - Translate

ကျောက်ပန်းတောင်းမြို၏ ဒုတိယအုပ်ချုပ်ရေးမှူးကို အကြမ်းဖက် PDF အဖွဲများမှသတ်ဖြတ်
********************
(မှုခင်း) မတ်လ ၁၁.
မန္တ​လေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၏ ဒုတိယအုပ်ချုပ်ရေးမှူးကို အကြမ်းဖက် PDF အဖွဲ့များမှ ၎င်း၏ခြံအတွင်းရှိနေစဉ် လာရောက်ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် မတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်းဘေး၊ မြိုင်သာယာကျေးရွာ အနီးရှိ ဦးသန်းဇော်ဦး(ဒုမြို့နယ်အုပ်ချုပ်ရေးမှုး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ထွေ/အုပ်ဦးစီးဌာန)ပိုင်ဆိုင်သည့် ခြံအတွင်း၌ ဦးသန်းဇော်ဦးသည် ဦးစိန်အောင်မင်း၊ ဦးမျိုးမင်းထက်၊ ဦးစန်းဝင်းတို့နှင့် အတူ ခြံအတွင်းချုံနွယ်များရှင်းနေစဉ် အကြမ်းဖက် PDF အဖွဲ့(စိစစ်ဆဲ)အင်အား ၈ ဦးခန့်မှ သေနတ် အရှည်/အတိုများ ကိုင်ဆောင်၍ ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာပြီး ခြံအတွင်းသို့ဝင်ရောက်လာပြီး ဦးသန်းဇော်ဦးအား ဖမ်းဆီးကာ ၎င်း၏ Toyota Caldina အမျိုးအစား၊ ခဲရောင် MDY-17/2I/6126 ၁ စီး၊ ဦးစိန်အောင်မင်း ပိုင်ဆိုင်သည့် ISUZU Big Horn အမျိုးအစား၊ အမဲရောင် MDY-20/5E/3269 ၁ စီးတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့ ၈ ဦးခန့်မှ ဦးသန်းဇော်ဦးအား ဖမ်းဆီးခေါ်ဆောင်ထွက်ပြေးသွားခဲ့သည့် လမ်းကြောင်းတစ် လျှောက်အား သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများမှ လိုက်လံရှာဖွေပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့၏ အရှေ့ဘက် ကျောက်ပုံ(တောင်)ကျေးရွာနှင့် ဝက်မထောက်ကျေးရွာကြား ကျေးရွာချင်းဆက်လမ်း၏ ယာဘက်တွင် ဦးသန်းဇော်ဦးအား ဝဲချိုင်းအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိကာသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသွားသော ဦးသန်းဇော်ဦး ၏ရုပ်အလောင်းကို ယနေ့(မတ်လ ၁၁ ရက်)တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်

image