10 ပတ် - ဘာသာပြန်ပါ။

တအိမ်လုံး ကြိုက်တဲ့ ဝက်သားမုန်လာဥနီလုံးကြော်
ဝက်သား ၃၀သား ၊ မုန်လာဥနီအတောင့်ကြီး လက်၄ဆစ် အပိုင်း အတုံးသေးများ တုံးပြီး အသားကြိတ်စက်နဲ့ ကြိတ်ထားပါ ။
ပြောင်းဖူး ကော်မုန့် ထမင်းစားဇွန်း ၂ဇွန်း
ပဲငံပြာရည် အပြစ် ထမင်းစားဇွန်း ၁ဇွန်း
ကြက်ဥ တလုံး ( တဝက်ပဲထည့်ရင် ပိုပြီး အရသာကောင်းတယ် နှမျောလို့ တလုံးထည့်လိုက်တာ )
ဆား ၊ ဟင်းခတ်မှုန့် ၊ ငရုတ်ကောင်းမှုန့် အနည်းငယ် တို့ကို ကြိတ်ထားတဲ့အသားနဲ့ ရောနယ်ပေးပါ ။
လက်အိတ်ကို ဆီစွတ်ပြီး အလုံးလေးများလုံးပါ ။
ဆီပူလာပြီ ဆီကျက်သွားပြီဆိုရင် မီးအေးအေး ထားပေးပါ ဆီအရမ်းပူရင် အသားထဲကြက်ဥထည့်ထားတာမို့ အတူးလွယ်လို့ပါနော် ။
သေးသေးလေး တလုံးလုံးပြီး ကြော်ကြည့် မြည်းကြည့်ပြီးမှ အပေါ့အငံလိုရင်ထည့် မလိုရင် အလုံးလေးတွေလုံးပြီး မီးအေးအေး နဲ့ ဟိုဘက် ဒီဘက် သေချာလေးလှန်ပြီးကြောါပေးပါ ။
ကျက်ရင် ဆီစစ်ထားပြီး Cheesy sauce၊ mayonnaise ၊ chilly ၊ tomatoes sauce တို့ နဲ့ တွဲဖက်ပြီး စားလို့ရပါပြီ ။
Crd မပန်ဒိုရာ

image