10 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဘလစ်စတစ်ဒုံးကျည်များ မြောက်ကိုရီးယားနိုင်ငံ စမ်းသပ်ပစ်လွှတ်
မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် တောင် ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မတ် ၁ဝ ရက်တွင်ဝေဖန်ခဲ့ပြီးနောက် ဘလစ်စတစ်ဒုံးကျည်များစမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့၏ ဖရီးဒမ်းရှီး အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အန္တရာယ်များသော ရန်လိုရန်စလုပ်ရပ်ဟု ဝေဖန်ခဲ့ပြီး နာရီပိုင်းအကြာမှာပင် မြောက်ကိုရီးယားနိုင်ငံက နိုင်ငံအနောက်ပိုင်းမှတစ်ဆင့် ပင်လယ်ဝါရေပြင်အတွင်းသို့ ဘလစ်စတစ်ဒုံးကျည်များ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
မတ် ၁ဝ ရက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများသည် အမေရိကန် သမ္မတရာထူးကို ဒေါ်နယ်ထရန့် ရယူခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံက ပထမဆုံးပြုလုပ်ခဲ့သော ဘလစ်စတစ်ဒုံးကျည်စမ်းသပ်မှုဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့်တောင် ကိုရီးယားနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်စစ်ပွဲအတွက် ဇာတ်တိုက်လေ့ကျင့်မှုအဖြစ် မှတ် ယူထားပြီး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများဖြင့် တုံ့ပြန်လေ့ရှိသည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ဖရီးဒမ်းရှီးပူးတွဲစစ်ရေး လေ့ကျင့်မှုသည် မတ် ၁ဝ ရက်တွင် စတင်ပြီး မတ် ၂ဝ တွင် ပြီးဆုံးမည်ဖြစ်သည်။
ရိုက်တာ

image