10 w - Translate

လေဗာကူဆင်တို့ တကယ်ကိုကံဆိုးလွန်းတယ်ပြောရမလားပဲ။ ဘိုင်ယန်ရှုံးတာကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ လိုက်ရှုံးခဲ့တဲ့အပြင်ကိုမှ အားထားရတဲ့ ဝစ်ဇ်ပါ ဒဏ်ရာရသွားလို့ တိုင်ပတ်ပါပြီ။ ဘိုင်ယန်နဲ့ ကန်ရမယ့် ချန်ပီယံလိဂ်ဒုတိယအကျော့အတွက်ပါ အလွန်ဆို တိုင်ပတ်သွားပါတယ်။
ပထမအကျော့မှာ ၃ဂိုးပြတ်ရှုံးခဲ့တာမို့ ဒုတိယအကျော့ကို မီးကုန်ယမ်းကုန်ကစားရမှာပါ။ ဒါကြောင့်လည်း ဝါဒါဘရီမင်နဲ့ ညကပွဲမှာ အဓိက ကစားသမားတွေကို အနားပေးခဲ့တာပါ။ ဒါပေမယ့် ၁-၀ နဲ့ ရှုံးနေတဲ့အချိန်မှာ အနားပေးထားသူတွေကို ပြန်ပြီးတော့ ထုတ်သုံးခဲ့ရပါတယ်။ ဝစ်ဇ် လူစားဝင်လာပြီး ဒဏ်ရာရသွားလို့ လူစားပြန်လဲလိုက်ရတာပါ။
အရွတ်စုတ်ပြတ်သွားပြီး ဘိုင်ယန်နဲ့ပွဲကို ဝင်ကစားဖို့တောင် မသေချာတော့ပါဘူး။ ဘိုင်ယန်ကို ဂိုးပြတ်နိုင်ဖို့ လိုအပ်နေတဲ့အချိန် အဓိကကစားသမား မပါဝင်ဘူးဆိုရင် နားကားတာပါပဲ။ အလွန်ဆိုအတွက် ခက်ခဲတဲ့ အချိန်တွေ ရောက်လာပါပြီ။

image