📖 လူတွင် ဗီဇစိတ်သည် အရေးကြီးပါသည် ။ ပင်ကိုဗီဇသည် မွေးရာပါဖြစ်ပြီး ယင်းဗီဇကို အခြေခံ၍ လူဆိုးလူကောင်းစသည်ဖြင့် ခွဲခြားသတ်မှတ်ကြသည် ။ မိမိ၏ ဗီဇစိတ်ကို မိမိ လူကောင်းတစ်ယောက်ဖြစ်လာရေး
စီမံခန့်ခွဲကြရာ၌ ဆင်ခြင်တုံတရား နှင့် ၀ီရိယ ဆိုသည့်အရာနှစ်ခုတို့က အရေးပါလာသည် ။
📖 မည်သည့်နေရာတွင်မဆို အစွန်းရောက်ခြင်းသည် မကောင်းပါ ။ အစွန်းရောက်ပါက အောက်သို့ ပြုတ်ကျမည်ဖြစ်သည် ။
📖 ပြီးခဲ့သည့် ကိစ္စတစ်ခုအတွက် မိမိကိုယ်ကို တနုံ့နုံ့ အပြစ်တင်နေခြင်းသည် မိမိ၏ ပုံရိပ်ကို မိမိဘာသာဖျက်ဆီးနေခြင်း ဖြစ်သည် ။
📖 ဦးနှောက်သည် စည်ပင်သာယာ အမှိုက်ပုံး မဟုတ်ပါ ။ သူများ၏ အမှိုက်သရိုက်များကို မိမိတို့၏ ဦးနှောက်ထဲသို့ အ၀င်မခံပါနှင့် ။ ဦးနှောက်ကို သန့်ရှင်းကြည်လင်စေခြင်းဖြင့် မိမိတို့၏ ပုံရိပ် နှင့် ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပါ ။
📖 ကြိုးစားအားထုတ်မှု ဆိုသည်မှာ မိမိ မဖြစ်သေးသည်ကို ဖြစ်လာအောင် မိမိ မရသေးသည်ကို ရလာအောင် မိမိ မရောက်သေးသည့်နေရာကို ရောက်အောင် စွမ်းစွမ်းတမံ အားထုတ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည် ။
📖 အတက်ခရီး အိမ်မက်များကို အဆင်းခရီးအလေ့အထများဖြင့် မည်သို့မျှ အကောင်အထည် ဖော်နိုင်မည်မဟုတ်ပါ
#ကိုယ်ရည်ကိုယ်သွေးမြင့်မားစွာအောင်မြင်ခြင်း
#လင်းသိုက်ညွန့် (မြန်မာ့မြေ)
