အစီအစဉ်တကျရှိခြင်းက အောင်မြင်မှုရဲ့ အဓိကသော့ချက်ပါ ။ ပိုပြီး စနစ်တကျဖြစ်အောင်နဲ့ အချိန်ဆွဲတာကို ရှောင်နိုင်ဖို့ အကောင်အထည်ဖော်နိုင်တဲ့ အကြံပြုချက်တချို့ကို အောက်မှာကြည့်ပါ ။
၁။ ပရောဂျက်တွေကို စီစဉ်ရေးဆွဲပါ - အလုပ်တာဝန်တစ်ခု ချင်းကို ပြီးမြောက်ဖို့အတွက် လုပ်ရမယ့် လုပ်ငန်းစဉ်နဲ့ ပြီးမြောက်အောင် လုပ်ဖို့ ဘယ်လောက်ကြာမယ်ဆိုတဲ့ အချက်အလက် အပြည့်အစုံကို ဖော်ပြတဲ့ အချိန်ဇယားတစ်ခု နေ့တိုင်းပြုလုပ်ပါ ။
၂။လုပ်ဆောင်ရမယ့် စာရင်းတွေပြုလုပ်ပါ ။
ဒါက နောက်ထပ် သတိပေးချက်တစ်ခုပါ ။ ဒါပေမဲ့ အရေးကြီးပါတယ် ။ လုပ်ဆောင်ရမယ့် စာရင်းက အရေးကြီးတဲ့ အလုပ်တွေကို လုပ်နိုင်အောင် အထောက် အကူပေးပါတယ် ။ လုပ်ရမယ့် အလုပ်ကို မမှတ်မိချင်တဲ့အခါ မေ့နေတတ်လေ့ ရှိပါတယ် ။
၃။ ပန်းတိုင်တွေ ချမှတ်ပါ - ယေဘုယျအားဖြင့် အလုပ်တာဝန် တစ်ခုချင်းကို ပြီးမြောက်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ သိပါလိမ့်မယ် ။ ကိုယ့်ကိုယ်ကိုယ် စိတ်အားတက်ကြွစေမယ့် နည်းလမ်းကောင်းကတော့ အချိန်ပမာဏတစ်ခုအတွင်း အလုပ်တာဝန်တစ်ခုချင်းကို အပြီးသတ်ဖို့ အချိန်တွေ ချမှတ်ပါ ။
၄။ အလုပ်မျိုးစုံ မလုပ်ပါနဲ့ ။
ပေးရမယ့်အလုပ် ရက်ချိန်းတွေ ဘယ်လောက်များပါစေ တစ်ကြိမ်တည်းမှာ အားလုံးကိုလုပ်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့ ။ တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ အာရုံစိုက်ပါ ။
#ထက်ထက်တင်ဇာ #ရောင့်ရဲခြင်းအနုပညာ
