စိတ်မကြည်လဲ ရှိခိုးပါ
*****************
ဖတ်ကြည့်နော်…
တချို့က ပြောကြတယ်နော်…
"စိတ်မကြည်ရင်
ဘုရားတောင် မရှိခိုးချင်ဘူး"တဲ့။
အမှန်တကယ်က…
မရှိခိုးချင်လည်း ရှိခိုးရမှာပါပဲ။
ရှိခိုးနေရင်းနဲ့
ကိုယ့်ရဲ့ စိတ်တွေ ကြည်သွားပါလိမ့်
မယ်။
တကယ်တော့…
ဘုရားရှိခိုးတဲ့အလုပ်ဆိုတာ
စိတ်မကြည်လေ
ပိုလုပ်လေ ဖြစ်ရမယ်ပေါ့။
စိတ်ပါမှ
စိတ်ကြည်မှ လုပ်ကြမယ်
ဆိုရင်…
ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့ စိတ်ဆိုတာ
မကောင်းတာမှာပဲ
အပျော်များတယ်လေ။
ကောင်းတဲ့စိတ်ဆိုတာ
သီးသန့်မွေးယူရတာ မဟုတ်လား-?
ဒေါသဖြစ်ရင်…
ဒေါသကင်းစင်တဲ့ ဘုရားရှင်ကို
အာရုံပြုကြည့်လိုက်
ကိုယ်ပါ အငြိမ်းဓာတ်ရသွားတယ်။
စိတ်မကြည်ရင်…
စိတ်ကြည်လင်နေတဲ့ ဘုရားရှင်ကို
အာရုံပြုကြည့်လိုက်
ကိုယ်ပါ အကြည်ဓာတ်ကူးသွားတယ်။
စိတ်မကြည်ရင်…
ဘုရားတောင် ရှိမခိုးချင်ဘူး
မလုပ်နဲ့။
ရှိခိုးရင်းနဲ့…
ကြည်သွားလိမ့်မယ်ပေါ့နော်။
အတု မရှိ၊
အတူ မရှိ မြတ်ဗုဒ္ဓဆိုတော့…
အပူလည်း မရှိဘူးပေါ့။
မေတ္တာ ဖြင့်ပြန်လည်မျှဝေပါသည် 🙏🙏🙏
Credit
မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )
