10 w - Translate

ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။
ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ ။
လောကမှာ အပြစ်ကင်းစင်ပြီး
လုံးဝ စိတ်ထားကောင်းတဲ့သူဆိုတာ မရှိပါဘူး ။
စိတ်ထားကောင်းအောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိတယ် ။
အမြဲတမ်း ပျော်ရွှင်နေတဲ့သူဆိုတာ မရှိပါဘူး ။
ပျော်အောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိပါတယ် ။
အမြဲတမ်း အဆင်ပြေတဲ့သူဆိုတာလည်း မရှိပါဘူး ။
ရောက်တဲ့နေရာမှာ အဆင်ပြေအောင်
ကြိုးစားနေထိုင်တဲ့ သူပဲ ရှိပါတယ် ။
ဘဝမှာ
ပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး ။
လူတိုင်းမှာ ပြည့်စုံအောင် ကြိုးစားနေတဲ့သူတွေကြီးပါ ။
မွေးဖွားကြတယ် ။
ရှင်သန်ကြတယ် ။
ပြီးတော့ မဖြစ်မနေ သေဆုံးသွားကြတယ် ။
တကယ်တမ်း တွေးကြည့်ရင် ဘဝဆိုတာ တိုတိုလေးပါ ။
ဒါကြောင့်
စိတ်ညစ်လည်း တစ်နေ့ ။ ပျော်လည်း တစ်နေ့ ။
အချိန်တွေ ကုန်ဆုံးသွားမည့်အတူတူ
နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာ ဖြတ်သန်းပါ ။

image