11 w - Translate

#နိုင်ငံတကာသတင်း
အစ္စရေးဘဏ္ဍာရေးဝန်ကြီးက ဂါဇာတွင် စစ်ပွဲများ ပြန်ဖြစ်ရန်တောင်းဆို
အစ္စရေး၏ လက်ယာစွန်းဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich သည် Tel Aviv အနီးရှိ ယာဉ်ရပ်နားစခန်းတစ်ခုတွင် ဘတ်စ်ကားအလွတ်သုံးစီး ပေါက်ကွဲခဲ့ပြီးနောက် ဂါဇာနှင့် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် တိုက်ပွဲများ ချက်ချင်းပြန်စရန် တောင်းဆိုခဲ့သည်။

Bezalel Smotrich က ပါလက်စတိုင်းအုပ်စု၏ ပြင်းထန်သောချိုးဖောက်မှုနှင့်ပတ်သက်၍ အစ္စရေးအနေဖြင့် နှုတ်ဆိတ်မနေသင့်ကြောင်း ပြောကြားခဲ့သည်။

ယမန်နေ့က ဟားမတ်စ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည့် ဓားစားခံ ရုပ်အလောင်းလေးခုအနက်မှ တစ်ဦးမှာ အမည်မသိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းအဖွဲ့မှ ကတိပြုထားသည့် အတိုင်း ဖမ်းဆီးခံထားရသူ၏ ရုပ်အလောင်းမဟုတ်ကြောင်း အစ္စရေးက ထုတ်ဖော်ပြောဆိုပြီးနောက် ယခုပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Smotrich က “တစ်ခုတည်းသောဖြေရှင်းချက်က ဟားမတ်စ်တွေကို ဖျက်ဆီးဖို့ဖြစ်ပြီး နှောင့်နှေးမနေသင့်ပါဘူး” လို့ ပြောပါတယ်။

image