အလွယ်ကူဆုံး ရှာဖွေမှု သို့ Circle to Search
၂၀၂၄ ဇန်နဝါရီလမှာ Galaxy S24 စီးရီးနဲ့ စတင်မိတ်ဆက်ခဲ့တဲ့ Circle to Search ဟာ အခုတနှစ်အကြာမှာတော့ Android ဖုန်းတော်တော်များများမှာ အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။
Google Lens ကိုမှ Home button ထဲ ထည့်မြုပ်ထားတဲ့ ဒီလုပ်ဆောင်ချက်က သုံးရတာ အလွန်လွယ်ကူပြီး မြန်ဆန်ပါတယ်။ မျက်နှာပြင်ပေါ်မှာ ကိုယ်လိုချင်တဲ့ ပစ္စည်းကိုတွေ့တဲ့အခါ Home Button ကိုဖိပြီး ပစ္စည်းကို ဝိုင်းပေးလိုက်ရုံပါပဲ။
ဒါက circle to search သီးသန့်ပဲ ရှိပါသေးတယ်။ Home Button ကို ဖိလိုက်ရင် Circle to search အပြင် ပုံမှာပြထားသလို search ဘားတန်းနဲ့ ဘေးမှာ သီချင်းရှာဖို့ | ဘာသာပြန်ဖို့ အတွက် button တွေလည်း ထည့်ပေးထားပါသေးတယ်။
သီချင်းရှာတဲ့ အခါမှာ နည်းမျိုးစုံနဲ့ရှာလို့ရပြီး ပတ်ဝန်းကျင်မှာ လာနေတဲ့သီချင်းကို ရှာတာ၊ ဆိုပြီးရှာတာအပြင် တီးလုံးအသံသီးသန့်နဲ့လည်း ရှာလို့ရပါသေးတယ်။ အရင်တုန်းကလို third party app တွေ တကူးတက ရှာဒေါင်းနေစရာ မလိုတော့ပါဘူး။
ဒါ့အပြင် ဘာသာပြန်တဲ့နေရာမှာလည်း တော်တော်လေး အသုံးဝင်ပါတယ်။ ဘာသာစကားမတူတဲ့နေရာဒေသ ရောက်နေတဲ့သူတွေ အကြိုက်ပါ။ ကျနော်ကိုယ်တိုင်လည်း ရှယ်သုံးဖြစ်ပါတယ်။ Google Translate ကို မျက်နှာပြင်မှာ ထည့်ထားသလိုပါပဲ။
Screen မှာပေါ်နေတဲ့အရာတွေကိုသာမက ကင်မရာဖွင့်ပြီး ဘေးပတ်ဝန်းကျင်က စာတွေကိုလည်း ဘာသာပြန်လို့ ရပါတယ်။ ကျနော်အများဆုံး အသုံးပြုဖြစ်တဲ့အချိန်တွေကတော့ စားသောက်ဆိုင် menu ကြည့်တာနဲ့ ဈေးဝယ်ထွက်တဲ့အခါမျိုးတွေမှာပါ။
အနှစ်ချုပ်ပြောရရင် ဒီ Circle To Search က တော်တော်လေး အသုံးဝင်တဲ့ လုပ်ဆောင်ချက်တခုပါ။ ဒါက android ဖုန်း ကိုင်တဲ့သူတွေအတွက် ဂုဏ်ယူစရာအချက်တခုပါပဲ။ Google ဘက်ကလည်း ဒီ function ကို ပိုကောင်းအောင် လုပ်နေတယ်ဆိုတော့ အနာဂတ်မှာ ဒီထက် ပိုကောင်းလာဖို့ပဲရှိပါတယ်လို့ပြောရင်း...။
