11 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာမှာ စမတ် အကျဆုံး AI ဆိုတဲ့ Grok 3 ကို ဖြန့်ချိမယ့် Elon Musk ရဲ့ xAI
============================================
AI Chatbot ပြိုင်ပွဲကတော့ တော်တော် ကြမ်းလာပါပြီ။ ကုမ္ပဏီတွေက AI Model အသစ်တွေကို ဖန်တီးထုတ်လုပ်နေကြပါတယ်။ အခုတော့ ChatGPT ကို ယှဉ်ပြိုင်ဖို့အတွက် Elon Musk ရဲ့ xAI က Grok 3 ကို မကြာခင် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ Grok 3 ကို X မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီက “ကမ္ဘာမှာ စမတ်အကျဆုံး AI “ လို့ ကြွေးကြော်ထားပြီး X လူမှုကွန်ရက် ပလက်ဖောင်းမှာ Grok 3 ရဲ့ စွမ်းဆောင်ရည် ကို သရုပ်ပြသမှာ ဖြစ်ပါတယ်။ Elon Musk က Grok 3 ဟာ ကြောက်စရာကောင်းလောက်အောင် စမတ်ကျတယ်လို့ ပြောပါတယ်။
အစောပိုင်း စမ်းသပ်ချက်တွေအရ Grok 3 ဟာ OpenAI ရဲ့ ChatGPT နဲ့ Google ရဲ့ DeepMind Gemini တို့လို အဓိက ပြိုင်ဖက်တွေထက် တိကျမှုနဲ့ အဖြေပေးမှုမှာ ပိုကောင်းနေပါတယ်။
Grok 3 ဟာ xAI ရဲ့ Colossus Supercomputer မှာ မောင်းနှင်မယ်လို့ ထင်ရပြီး AI Training အတွက် 100,000 NVIDIA GPU Hours ကို အသုံးပြုထားပါတယ်။ Grok 3 ကို Synthetic Data နဲ့ လေ့ကျင့်ပေးထားပြီး အတိတ်က အမှားတွေကို သင်ယူကာ ပြန်လည် ပြင်ဆင်နိုင်တာက တော်တော် မိုက်ပါတယ်။

image