မိတ်ဆွေသူငယ်ချင်းဆိုတာ..
တချို့သော မိတ်ဆွေသူငယ်ချင်းတွေဆိုတာ..
အလှထိုင်ကြည့်နေဖို့ကောင်းတဲ့ ကြွေပန်းအိုးလှလှလေးတွေလိုပဲ..
သိပ်လှတယ်..ပိုင်ဆိုင်ချင်တယ်..ပိုင်ဆိုင်ခွင့်မရဘူး...
အဝေးကနေ တန်ဖိုးထားစွာ အလှကြည့်နေရုံလောက်ပဲ ရေစက်ပါတယ်..။
တချို့သော မိတ်ဆွေသူငယ်ချင်းတွေကျတော့..
လပြည့်ညရဲ့ လမင်းကြီးတွေနဲ့တူတယ်..။
ကိုယ့်ဘဝ လင်းချင်းတောက်ပနေချိန်မျိုးမှာ..သူ့ကိုမတွေ့ရဘူး...။
ကိုယ့်ရဲ့ဘဝ ဒုက္ခတွေနဲ့ မှောင်အတိကျချိန်ဆို..ဝင်းဝင်းပပ လင်းပလာတတ်တယ်..။
အဲ့ဒီမိတ်ဆွေ သူငယ်ချင်းတွေဟာ..ဘဝမှာ တစ်သက်လုံးတန်ဖိုးထားစရာ..။
တချို့သော သူငယ်ချင်းမိတ်ဆွေတွေ...
သိပ်လှပတယ်..ဆန်းကြယ်တယ်..လိုချင်ရင်လည်း လွယ်လွယ်ကူကူရနိုင်တယ်...။
ဘာနဲ့တူသလဲဆိုရင်..သိပ်လှတဲ့ အစစ်နဲ့ခွဲမရတဲ့..ပန်းရောင်စုံအတုလေးတွေလိုပဲ...
တဒင်္ဂတော့ ကျေနပ်မက်မောဖွယ် စိတ်ချမ်းသာမှုကို ပေးနိုင်စွမ်းပါရဲ့..။
တချို့သော မိတ်ဆွေသူငယ်ချင်းတွေကျပြန်တော့...
နှိုးစက်ကလေးတွေနဲ့ တူပြန်ရော...
ဘဝအမောတွေကြားမှာ မိန်းမောတွေဝေ ငိုက်မျည်းနေမိတဲ့အခါ...
အသိတရားလေးတွေနဲ့ နိုးကြားသက်ဝင်လာအောင်...
အသံကျယ်ကြီးနဲ့ နိုးထစေတတ်ပြန်တယ်...။
သင်ရော ဘယ်လိုမိတ်ဆွေသူငယ်ချင်းမျိုးလဲ..?
#လွန်းထားထား..
#စိတ်ခွန်အားဖြည့်စာစုများ
((ထွက်ပြီ)) တစ်အုပ်လုံး အရောင်များဖြင့် ဝေဝေဆာဆာ....
📖 (အခန့်-အထူချုပ်) စိတ်ခွန်အားဖြည့်စာစု... (၃၂)ခန်းတိတိ
၁။ ကိုယ်ချစ်မြတ်နိုး တန်ဖိုးထားရသူတွေအတွက် အချိန်ပေးပါ။
၂။ အပြစ်မတင်ပါနဲ့။
၃။ တစ်ရက်ချင်း ရှင်သန်ပါ။
၄။ နောင်တကင်းမဲ့ဇုန်တွင် နေပါ။
၅။ ကိုယ်ကစပြီး ခွင့်လွှတ်ဖို့ကြိုးစားပါ။
၆။ ကိုယ့်ဘဝကို သူများတွေရဲ့ဘဝနဲ့ မနှိုင်းယှဉ်ပါနဲ့။
၇။ တုံ့ပြန်တတ်တဲ့အကျင့်ကို နည်းသထက်နည်းအောင် လျှော့ချကြည့်ပါ။
၈။ ကိုယ့်ကိုနွေးထွေးပျော်ရွှင်စေတဲ့ မိတ်ဆွေများနဲ့ မကြာခဏ အချိန်ပေး တွေ့ဆုံပါ။
၉။ ကိုယ့်စိတ်ကို အဆိပ်သင့်စေတတ်တဲ့သူတွေနဲ့ အဆက်အသွယ်ဖြတ်ပါ။
၁၀။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ပါ၊ ကိုယ့်ရဲ့ ကောင်းကွက်ကလေးတွေ ရှာဖွေတွေးကြည့်ပါ။
၁၁။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။
၁၂။ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်ထားပါ။
၁၃။ အဆင်မပြေတာလေးတွေရှိတိုင်း ကုသိုလ်ပိုလုပ်ပါ။ (၁)
၁၄။ သူများရဲ့ဒုက္ခကို စာနာကြည့်ပါ။
၁၅။ အားမနာပါနဲ့...ယဉ်ကျေးစွာ ငြင်းဆန်ပါ။
၁၆။ သူများတွေ ဘယ်လိုထင်မလဲ၊ ဘာတွေပြောမလဲ ဆိုတဲ့ စိုးရိမ်စိတ်ကို ဖယ်ရှားပါ။
၁၇။ မျက်နှာဖုံးတွေ ခွာချလိုက်ပါ။
၁၈။ ကိုယ့်ရဲ့စိတ်ကို ဒဏ်ခတ်မထားပါနဲ့၊ ကိုယ်ဟာ အရာရာနဲ့ ထိုက်တန်တယ်လို့ မှတ်ယူပါ။
၁၉။ ပျော်ရွှင်ခဲ့ဖူးတဲ့ အောင်မြင်ခဲ့ဖူးတဲ့ အချိန်လေးတွေဆီ မကြာခဏ ပြန်တွေးကြည့်ပါ။
၂၀။ အသေးအမွှားကလေးတွေကို ခေါင်းထဲကနေ ရှင်းထုတ်ပစ်ပါ။
၂၁။ အဆင်မပြေတာလေးတွေရှိတိုင်း ကုသိုလ်ပိုလုပ်ပါ။ (၂)
၂၂။ မနိုင်ဝန် မထမ်းပါနဲ့၊ လေးလံသမျှ လွှတ်ချခဲ့ပါ။
၂၃။ အမှောင်ထဲမှာ ရပ်မနေပါနဲ့။
၂၄။ ကိုယ့်ရဲစိတ်ကို အစာကျွေးပါ။
၂၅။ ညည်းညူတာကို ရပ်လိုက်ပါ။
၂၆။ အလွန်အကျွံ မတွေးပါနဲ့။
၂၇။ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းကို သူတစ်ပါးရဲ့ နှုတ်ခမ်းဖျားမှာ မစတေးပါနဲ့။
၂၈။ ဖြေရှင်းလို့ မရတဲ့ ပြဿနာရယ်လို့ မရှိပါဘူး။
၂၉။ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်မထားပါနဲ့။
၃၀။ မိမိကိုယ်ကို မေတ္တာပို့ပေးပါ။
၃၁။ ပန်းတိုင်တစ်ခု ရှိပါစေ။
၃၂။ သူများကို အကောင်းဆုံးလက်ဆောင်အဖြစ် နားထောင်ပေးပါ။
