11 w - Translate

အပြစ်ပြောခံရမှာကြောက်ရင်
ဘာမှမလုပ်ဘဲနေမှဖြစ်မယ်။
ဒါတောင်မှ
ဘာမှမလုပ်ဘူးဆိုပြီး အပြောခံရဦးမှာ
မဟုတ်လား။ အလုပ်လုပ်တဲ့သူကတော့
အပြောခံရမှာပဲ။
လူ့ပါးစပ်ဆိုတာ
အကောင်းလည်းပြော
မကောင်းလည်း ပြောတတ်ကြတာပဲလေ။
ဘယ်လိုပဲပြောပါစေ ကိုယ့်ဘက်က
မပြောင်းလဲဖိုဘဲ အရေးကြီးတယ်။
လူ့သဘောက
တည့်ရင် အကောင်းပြောမယ်။
မတည့်ရင် အစောင်းပြောမယ်။
ချစ်ရင် အပြစ် မကြည့်ဘူး။
မုန်းရင် အပြုံး မရှိဘူး။
အဆင်ပြေရင် ဆင်ခြေပေးပြီး
ကာကွယ်ပေးမယ်။
အဆင်မပြေရင် အထင်သေးပြီး
မညှာဘေးဖယ်မယ်။
ဒါဟာ ပြောင်းလဲတတ်တဲ့
ပုထုဇဉ်လူသားတွေရဲ့သဘာဝပဲ။
ဒါကြောင့်
အချစ်ပြောလိုလည်း မသာယာနဲ့။
အပြစ်ပြောလိုလည်း မခါပါနဲ့။
အကောင်းပြောခံရရင် သတိအားယူ။
အစောင်းပြောခံရရင် စိတ်အင်အားယူ။
စကားဆိုတာ ခံစားပြီး
ပူနေရမှာ မဟုတ်သလို
ပြန်ကြားပြီး ငူနေရမှာလည်း မဟုတ်ဘူး
မမြဲတဲ့ ပညတ်အသံလိုသာ
သဘောထား ကိုယ့်အလုပ်ကိုယ် ကြိုးစားဖိုပါပဲ။

image