ငါးခူကင်သုပ်
ငါးခူကိုဒီတိုင်းချက်ကြော်တာတွေငြီးငွေ့လာပြီဆိုရင်ဒီလိုလေးသုပ်စားကြည့်ပါ ချဉ်ငံစပ်အရသာလေးနဲ့အရမ်းစားလို့ကောင်းပါတယ်
ပါဝင်ပစ္စည်းများ
- ငါးခူကင်
- မိတ်သလင်ဥအနု
- ဆန်လှော်မှုန့်
- ကြက်သွန်နီ
- ကြက်သွန်မြိတ်
- ငရုတ်သီးစိမ်း
- ငရုတ်သီးအကျတ်မှုန့်
- ပူစီနံ
- ရှမ်းနံနံ
- သံပုရာရည်
- ငံပြာရည်
- အရသာမှုန့်
ပြုလုပ်ပုံ
- ငါးခူကင်ကိုအသားနွှင်ပြီးနှုတ်နှုတ်စင်းထားပါ ဒယ်ထဲကိုရေနည်းနည်းထည့်ပြီးရင် စင်းထားတဲ့ငါးခူကင်ထည့် နုတ်နုတ်စင်းထားတဲ့မိတ်သလင်ဥနု ပါရောထည့်ပြီးမီးအေးအေးနဲ့အသားလေးတွေတင်းသွားအောင်ခဏလောက်လှော်ပေးပီးရင်မီးပိတ်လိုက်ပါ
- ဆန်လှော်မှုန့် ပါးပါးလှီးထားသော ကြက်သွန်နီ ကြက်သွန်မြိတ် ငရုတ်သီးစိမ်း ငရုတ်သီးအကျတ်မှုန့် ထည့် ငံပြာရည် သံပုရာသီး အရသာမှုန့် တို့ကိုထည့်ပြီးရင် ဇွန်နဲ့အားလုံးနှံ့စပ်သွားအောင်မွှေပေးပါ
- အရသာမြည်းကြည့်ပြီးရပီဆိုရင် ပူစီနံ နဲ့ ရှမ်းနံနံထည့်လိုက်ရင် ချဉ်ငံစပ် ငါးခူကင်သုပ် လေးရပါပီရှင်...ထမင်းနဲ့တွဲစားရင်မြိန်သလို အမြည်းအနေနဲ့စားရင်လည်းအရမ်းလိုက်ဖက်ပါတယ်

image