#ယနေ့ထုတ်သတင်းစာ_သတင်း
◾️စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေး ထပ်မံကျဆင်း
ယခုသီတပတ်အတွင်း သတ်မှတ်ထုတ်ပြန်ထားသည့် စားကုန်းဆီ အခြေခံ လက်ကားရည်ညွှန်းရေး အနည်းငယ် ထပ်မံ ကျဆင်းလာ ကြောင်း သိရသည်။
ယခု သီတင်းပတ် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံ များတွင် ဈေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်မှုအရ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်း မှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၉၈၅ ကျပ်ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်အပတ် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေး နှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၇၅ ကျပ် သတ်မှတ်ခဲ့ခြင်းကြောင့် ယခု အပတ်တွင် ကျပ် ၉၀ခန့်ထပ်မံ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့်FOB ဈေးနှုန်းများကို နေ့စဉ်စောင့် ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းရေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေး ကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှု များပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
