AI လူတူစက်ရုပ်တွေ ထုတ်လုပ်မယ့် Meta
=========================
လူတူစက်ရုပ် ပြိုင်ပွဲမှာ အကြိတ်အနယ် ရှိလာတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Apple ဟာ လူတူစက်ရုပ်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။
အခုတော့ Facebook ရဲ့ မိခင် ကုမ္ပဏီ Meta ကလည်း AI လူတူစက်ရုပ်တွေ ထုတ်လုပ်မယ်လို့ သတင်းထွက်လာပါတယ်။ Meta ဟာ Reality Labs ကနေ လူတူစက်ရုပ်တွေကို ထုတ်လုပ်မယ်လို့ ကုမ္ပဏီ အတွင်းပိုင်းက သတင်းထွက်လာတာ ဖြစ်ပါတယ်။
အဲဒီ လူတူစက်ရုပ်တွေမှာ Meta ရဲ့ Llama AI Model ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ Meta ဟာ ကိုယ်ပိုင် လူတူစက်ရုပ် ဟာ့ဒ်ဝဲတွေကို ဖန်တီးမှာ ဖြစ်ပြီး တခြား Third-party စက်ရုပ် ကုမ္ပဏီတွေအတွက် AI , Sensor နဲ့ Software တွေကို ဖန်တီးမှာ ဖြစ်ပါတယ်။
Bloomberg က Meta ဟာ လူတူစက်ရုပ် ထုတ်လုပ်ဖို့အတွက် Figure AI နဲ့ Unitree Robotics တို့လို စက်ရုပ် ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ ရေးသားထားပါတယ်။
