11 w - Translate

မိခင်ဖြစ်သူကို သတိရအောက်မေ့ဖွယ် ၄ နှစ်ပြည့်အဖြစ် အင်းစိန်မှာ ပဲဟင်းနဲ့ ငွေစက္ကူတွေလှူဒါန်းခဲ့တဲ့ အိုင်းရင်းဇင်မာမြင့် 🥹
အင်းစိန် ၊ တောင်သူကုန်းရပ်ကွက်ထဲမှာ အလှူတန်းတွေ ပြုလုပ်ခဲ့တာလို့ သိရှိရပါတယ်။ သူမရဲ့ မိခင် ဆုံးပါးသွားခဲ့တာ ၄ နှစ်ပြည့်ခဲ့ပါပြီ။ မိခင်ကို သတိရအောက်မေ့ဖွယ် လွမ်းဆွတ်ခြင်း ၄ နှစ်ပြည့်အဖြစ် ရပ်ကွက်အတွင်းမှာရှိသော ရပ်ကွက်သူ၊သားများကို ပဲဟင်းတွေနဲ့ ငွေစက္ကူ ၅၀၀၀ ကျပ်တန် တစ်ရွက်စီကို အယောက်စေ့ လှူဒါန်းခဲ့တာပါ။ အိုင်းရင်းဇင်မာမြင့်ဟာ မိခင်ကို အင်မတန်ချစ်မြတ်နိုးတန်ဖိုးထားသူဖြစ်ပြီး သူမသီဆိုခဲ့တဲ့ သမီးရဲ့မေမေ သီချင်းဟာလည်း ပရိသတ်တွေကြားနာမည်ရခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။

#celenews

image