*တိုက်ရိုက် ဒီမိုကရေစီ
ဒီမိုကရေစီ (လူထု-အုပ်စိုးမှု) ဟူသည် တိုင်းပြည်ရေးရာ စီမံခန့်ခွဲရာ၌ ပြည်သူ့ သဘောဆန္ဒနှင့်အညီ ဆောင်ရွက်ခြင်းကို ဆိုသည်။
ဤသည်ကိုပင်
ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူများ၏ လက်ဝယ်၌ရှိသည်၊ သို့မဟုတ် ပြည်သူတို့မှ ဆင်းသက်သည်၊ စသဖြင့် ဆိုကြသည်။
အာဏာသည် ပြည်သူတို့လက်ဝယ်၌ ရှိ၍ ထိုအာဏာကို ပြည်သူတို့ ကိုယ်တိုင် (တိုက်ရိုက်) အသုံးပြုသော အနေအထားရှိသော် တိုက်ရိုက် ဒီမိုကရေစီ (direct democracy) (ပြည်သူတို့ကိုယ်တိုင် အုပ်စိုးမှု)ဟု ခေါ်၍၊ ပြည်သူတို့က မိမိတို့ လက်ဝယ်ရှိ အာဏာကို မိမိတို့ကိုယ်စား သုံးစွဲပေးရန်အတွက် ကိုယ်စားလှယ်များ ရွေးချယ် လွှဲအပ် သုံးစွဲစေခဲ့သော်ကိုယ်စားပြု ဒီမိုကရေစီ (representative democracy) (ကိုယ်စားလှယ်တို့ အုပ်စိုးမှု) ဟု ခေါ်ကြသည်။
တစ်ဖန်၊ ယနေ့ခေတ်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဟူသည်ကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာဟူ၍ ကဏ္ဍသုံးရပ် ခွဲခြားထားရှိရာ ကိုယ်စားလှယ်တို့ အုပ်စိုးသော စနစ်၌ ၎င်းအာဏာ သုံးရပ်လုံးကိုပင် ကိုယ်စားလှယ်များအား အပ်နှင် ထားရကြောင်း အများသိသည်။ ထို့ကြောင့် ၎င်းမှ ပြန်၍ကြည့်သော် ပြည်သူတို့ကိုယ်တိုင် အုပ်စိုးသည့် တိုက်ရိုက် ဒီမိုကရေစီစနစ်၌မူ ၎င်းအာဏာ သုံးရပ်လုံးကို ပြည်သူတို့ကိုယ်တိုင် ကိုင်တွယ် သုံးစွဲခြင်းမျိုး ဖြစ်ရလိမ့်မည်ဟု စဉ်းစားမိနိုင်သည်။
ဒါဆိုလျှင် မည်သို့ သုံးစွဲသလဲ။

#ဆက်ရန်ရှိ