11 w - Translate

Premium လို့ဆိုထားပေမဲ့ အခမဲ့သုံးနိုင်မယ့် Perplexity ရဲ့ DeepResearch

Perplexity AI က Research ပိုင်းနဲ့ပတ်သက်ပြီး နာမည်ကြီးတာဆိုတော့ ဒီတစ်ခေါက်အသစ်ထွက်လာတဲ့ DeepResearch ကတော့ ပိုပြီးတောင် ကောင်းမယ်လို့ ဆိုရမှာပါ။

DeepResearch ဆိုတော့ DeepSeek R1 နဲ့အလားတူပဲ ကိုယ်မေးလိုက်တဲ့ အကြောင်းအရာတွေကို AI ဘက်က ဘယ်လိုစဉ်းစားပေးလဲ၊ စဉ်းစားလို့ရလာတဲ့ အချက်အလက်တွေကို Research ပုံစံ အသေးစိတ်ဖော်ပြပေးမှာဖြစ်ပါတယ်။ (ဘယ်လိုမျိုးလဲဆိုတာ DeepSeek R1 သုံးတဲ့သူဆို သိပါလိမ့်မယ်)

Perplexity ဘက်က DeepResearch ကို Premium AI လို့လည်း ဆိုထားတာမို့ အခမဲ့သုံးတဲ့အခါမှာ ကန့်သတ်ချက်တော့ရှိပါတယ်။ သူက တစ်ရက်ကို ၅ ကြိမ်သုံးလို့ရမယ်။ အကယ်၍ သင်က Perplexity Pro user ဆိုရင်တော့ တစ်ရက်ကို အကြိမ် ၅၀၀ တောင် သုံးလို့ရနိုင်မှာပါ။ (Perplexity Pro က တစ်လကို ဒေါ်လာ 20 ပါ)

တစ်ရက် ၅ ကြိမ်အခမဲ့သုံးနိုင်တာက မဆိုးဘူးလို့ဆိုရမှာပါ။ ဘာလို့ဆို DeepResarch ကို ChatGPT Pro နဲ့ Gemini Advanced မှာဆိုရင် ဒေါ်လာ 200 နီးပါးပေးမှ သုံးလို့ရတာမို့ပါ။ နောက်ပြီး DeepResearch ဟာ အခြား AI model တွေ မိနစ် ၃၀ ကြာ reasearch လုပ်နေချိန်မှာ အချိန် ၃ မိနစ်ထဲနဲ့ အချက်အလက်တွေ ထုတ်ပေးနိုင်တဲ့အပြင် တိုတိုနဲ့လိုရင်း နားလည်လွယ်အောင် သေချာရှင်းပြပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စမ်းသုံးကြည့်ပါ။ ကိုယ်မေးချင်တဲ့အကြောင်းအရာကို ရေးပြီး DeepResearch ကို နှိပ်လိုက်ရုံပါပဲ။ လောလောဆယ်တော့ DeepResearch ကို Web သီးသန့်ပဲ သုံးနိုင်ပါဦးမယ်။ Mac, iOS နဲ့ Android apps တွေမှာတော့ မကြာခင်သုံးနိုင်မယ်လို့ ဆိုထားပါတယ်။

image