တရုတ်က EV ကားတွေမှာ DeepSeek AI ကို သုံးနေပြီ
===============================
တရုတ် ကုမ္ပဏီက ဖန်တီးထားတဲ့ DeepSeek AI ဟာ မကြာခင်က တစ်ကမ္ဘာလုံးမှာ ရေပန်းစားခဲ့ပါတယ်။ သူ့ရဲ့ အားသာချက်က ကုန်ကျစားရိတ်နည်းပါးစွာ ဖန်တီးထားပြီး စွမ်းရည်မြင့်မားလို့ ဖြစ်ပါတယ်။
အခုတော့ တရုတ်က EV ကားတွေမှာ DeepSeek AI ကို အသုံးပြုနေကြပါပြီ။ တရုတ် EV ကား ကုမ္ပဏီ Geely က သူ့ရဲ့ ကားတွေမှာ DeepSeek ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက DeepSeek ကို အသုံးပြုပြီး ဉာဏ်ရည်မြင့် ကားမောင်းနှင်တဲ့ နည်းပညာကို ဖန်တီးမှာ ဖြစ်ပါတယ်။
Geely ဟာ ကားရဲ့ နည်းပညာကို တိုးတက်စေဖို့အတွက် ကုမ္ပဏီရဲ့ AI Model နဲ့ DeepSeek R1 Model ကို ပေါင်းစပ် အသုံးပြုမှာ ဖြစ်ပါတယ်။ DeepSeek ရဲ့ AI ဟာ Geely ရဲ့ Xingrui ကားထိန်းချုပ်စနစ်ကို ပိုမို စွမ်းဆောင်ရည်မြင့်မားအောင် ပြုလုပ်ပေးနိုင်ပါတယ်။
Geely အပြင် နောက်ထပ် တရုတ် ကုမ္ပဏီ Dongfeng ကလည်း သူ့ရဲ့ Zeekr နဲ့ Yoyah EV ကားတွေမှာ DeepSeek AI ကို ထည့်သွင်းနေပါတယ်။ တရုတ်ရဲ့ EV ကားတွေမှာ DeepSeek AI ကို အသုံးပြုမှု ပိုမိုများပြားလာတော့မယ်လို့ ခန့်မှန်းရပါတယ်။
