မန်စီးတီးအသင်းရဲ့နည်းပြဖြစ်သူဆရာပတ်ဟာ ဘာနေဗျူးမှာသွားရောက်ကစားရမယ့် လာမယ့်ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အတွက် ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်စီဖလစ်ထံချဉ်းကပ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ စပိန်ကလာတဲ့သတင်းရင်းမြစ်တွေအရ သိရပါတယ်။
ဆရာပတ်ဟာ ယခုအချိန်အထိဘာစီလိုနာနဲ့အဆက်အသွယ်ကောင်းတွေရှိနေသေးတာဖြစ်ပြီး၊ အသင်းရဲ့နည်းစနစ်တာ၀န်ရှိသူတွေနဲ့ နည်းပြဟန်စီဖလစ်ထံ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အားနည်းချက်၊အားသားချက်တွေအပြင် ဘာနေဗျူးမှာကွင်းအလုံပိတ်ကစားရတဲ့ဖိအားတို့ကိုပါ သေသေချာချာ မေးမြန်းခဲ့တယ်လို့ ပြောကြပါတယ်။
ဘာစီလိုနာအသင်းဟာ ယခုရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ 2ကြိမ်ထိပ်တိုက်တွေ့ဆုံထားပြီး ဂိုးပြတ်တွေချည်းဖြုတ်ပြထားတဲ့အသင်း ဖြစ်ပါတယ်။
