11 w - Translate

The 8th Night (2021)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ခန့်က မကောင်းဆိုးဝါးတစ်ကောင်က လူသားကမ္ဘာနဲ့ငရဲကို ဆက်ထားတဲ့ တံခါးကိုဖွင့်ပြီးတော့ လူတွေကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့ပါတယ်။

အဲ့ဒီချိန်မှာ ဗုဒ္ဓက မကောင်းဆိုးဝါးကို တားမြစ်ပြီးသူရဲ့စွမ်းအားအရင်းမြစ်ဖြစ်တဲ့ မျက်လုံးနှစ်လုံးကိုထုတ်ယူခဲ့ပါတယ်။

အဲဒီစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ မျက်လုံးနှစ်လုံးကိုလည်း တစ်နေရာစီမှာ ထားပြီး ချိတ်ပိတ်ပြီး သိမ်းဆည်းခဲ့ပါတယ်။

အဲဒီအရာတွေကို စောင့်ရှောက်ဖို့အတွက် ဗုဒ္ဓဟာ သူရဲ့တတပည့် ဘုန်းတော်ကြီးတစ်ပါးနဲ့ နတ်ဆရာကို မှာကြားခဲ့တယ်။

အချိန်တွေကြာလာတဲ့အခါမှာ လူတွေရဲ့သဘာဝအရ စူးစမ်းချင်တယ်...ရှေးရှေးတုန်းကပြောထားတဲ့အရာတွေကို အမှန်ဖြစ်ကြောင်းသက်သေပြချင်လာကြတယ်။

အဲ့လိုစူးစမ်းချင်တဲ့ စိတ်တွေကနေ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဇာတ်ကားမှာ ဆက်လက်စောင့်ကြည့်ကြပါဦးနော်။
#horror

image